Fact Check: မင်းကင်းမှာ PDF ၅၇ ယောက်ဖမ်းမိတဲ့ သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လူရွယ်ယောကျ်ားအများအပြား လက်ပြန်ကြိုးတုပ်အဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ PDF ၅၇ ယောက် တောင်ဖြူရွာဖမ်းမိတယ်ဆိုတဲ့ ပို့စ် ၁ ပို့စ်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူအချို့ကမျှဝေလျှက်ရှိရာမှာ နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ “၅၇ ယောက် ဖမ်းမိ / ၁၆ ယောက်သေ ဖမ်မိတာက #တောင်ဖြူရွာ မှာပါ ပန်းဆက်ရွာ နဲ့ တောင်ဖြူရွာ က မီတာ ၆၀၀၀ ထောင် လောက် ဝေးတယ် ၄ မိုင်ခန့် လောက်ပေါ့ PDF ခေါင်းဆောင် ဗိုလ်သော်ဦး လဲအဖမ်းခံလိုက်ရတယ် ရွာခံတွေ ညီညွတ်မှု ရှိတာရယ် တပ်က ထွက်ပေါက်တွေ ပိတ်ပေးထားလေတော့ ထွက်ပေါက်မဲ့ပြီး လက်နက်ချ အကုန် အဖမ်းခံရရော […]

Continue Reading

Fact Check: ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာဆိုတဲ့ သတင်းတု သတင်းမှား

 ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာတယ်လို့ရေးသားထာတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပြီး “Derbone” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပေမဲ့ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးသတင်းတင်ဆက်သူဟာ စစ်တပ်ပိုင်မြဝတီသတင်းဌာနရဲ့ MWD Variety ရုပ်သံလိုင်းဖြစ်နေတာတွေ့ရပါတယ်။  ထို့အပြင် ဒီသတင်းမှားဟာ လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တွေနဲ့ သတင်းတုသတင်းမှာဖြန့်ချိပြီး ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်တွေကမျှဝေတဲ့အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။  မျှဝေထားတဲ့ လင့်ခ်တွေကိုဖွင့်ကြည့်မယ်ဆိုရင် ယူကျူ့(youtube)ဗွီဒီယိုတစ်ခုစီဦးတည်သွားတာ […]

Continue Reading

Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။  “အဲ့သလို…တဲ့… စိတ်​တောင် မ​ကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။ ထို့အပြင် မဇ္ဈိမရဲ့ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ဆိုတဲ့ သတင်းတုသတင်းမှား

အာဏာသိမ်း မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကုလသမဂ္ဂက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားပြီးဖြစ်ပါတယ်။ “* 21.6.2022 . သတင်ထူးပြီ * ~~~~~~~~~~~~~~~~~~ နစကအစိုးရကိုတရားဝင်အစိုးရပါတဲ့ အမျိုးတို့ရေ😍😍😍 အားလုံး ပျော်ကြရဲ့လားဝေ့ နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့်  “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု👌    ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့😎 နစကအားအစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ  ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည် ငပွတွေ စောက်ရှက်ကွဲကုန်ပီ…”စသည်ဖြင့် ရေးသားပြီး “Min […]

Continue Reading

Fact Check: KIA တပ်ရင်း ၁၂ ကို စစ်ကောင်စီ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းမှား

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန်မာတပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ စစ်သားတွေအောင်ပွဲခံနေတဲ့ပုံ၊ အဘုသအခမ်းအနားတစ်ခုဓာတ်ပုံလည်းပါဝင်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။ “စစ်တိုက်တာနိုင်ဘို့ဘဲလိုတယ် ပန်းနဲ့ပေါက်နေတာမှမဟုတ်တာ၊ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန့်မာ တပ်မတော်မှ အပြီးသတ်  သိမ်းပိုက်လိုက်ပြီဖြစ်ပါကြောင်း ကျဆုံး ရဲဘော် တွေကိုလည်း လက်တင်  အလေးပြုပါသည်  Credit#နဝထ&Nay Min”လို့ရေးသားပြီး “မြပန်း နွယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား တာတွေ့ရပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို လက်ခလယ်ပြနေတဲ့ ဒီဓာတ်ပုံကပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ပုံသာဖြစ်တယ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖမ်းမိတဲ့ PDF ကို စစ်ထဲဝင်ခိုင်းလို့ လက်ခလယ်ပြနေတဲ့ ဓာတ်ပုံဆိုပြီးတောဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ “ဖမ်းထားတဲ့ PDF ကိုတပ်ထဲမဝင်ရင်သတ်မယ်ဆိုလို့ လက်ခလယ်ထောင်ပြ”လို့ရေးသားပြီး “News In Burmese”အမည်နဲ့ယူကျူ့အကောင့်က စစ်ခေါင်းဆောင်ကို အမျိုးသားတစ်ဦးလက်ခံလယ်ထောင်ပြနေတဲ့ ဓာတ်ပုံပေါ်မှာ စာရေးသားလျှက်မျှဝေထားရာမှာ ဒီဓာတ်ပုံပါတဲ့ ဗွီဒီယိုကြည့်ရှု့မှုပေါင်း ၈ သောင်းကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ပြီးခဲ့တဲ့ နှစ်ကတည်းက ပျံ့နှံ့လျက်ရှိတဲ့ ဒီဓာတ်ပုံဟာ စစ်တပ်က PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ချက်သတင်းမှာ မဇ္ဈိမမီဒီယာကအသုံးပြုခဲ့ပြီးနောက် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုပြန်လည်အားလာပါတယ်။ ဒီဓာတ်ပုံဟာ တည်းဖြတ်ထားတဲ့ ဓာတ်ပုံအဖြစ်အများအပြားက နားလည်ကြပေမဲ့အချို့သော ဖေ့စ်ဘွတ်အသုံးပြုသူတွေအတွက် နားလည်မှု လွဲစေတာတွေ့ရပါတယ်။ “Mizzima – […]

Continue Reading

Fact Check: CRPH NUG PDF တို့နဲ့ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ဆိုပြီးတော့ သတင်းတု ပျံ့နှံ့ခဲ့

CRPH NUG PDF တို့ဟာ တရားမဝင်ကြောင်းနဲ့ မူလ NLD ပါတီနဲ့မပတ်သတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ပြောကြားခဲ့တယ်ဆိုပြီးတော့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတု သာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာပြောကြားခဲ့တယ် ဆိုတဲ့ မှတ်ချက်မတွေ့ရှိရပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။ “အမေလာမှကျောင်းတက်မယ်ရုံးတက်မယ်ဆိုပြီးတောထဲရောက်အကြမ်းဖက်PDFလေးတွေကြားကြပြီလား ==================== နိုင်ငံတကာရောက်..တောတွင်းရောက်..NUG/pdf.တွေ သေလို့ရပြီ တရားမဝင်ကြောင်း..မူလNLD.ပါတီနဲ့မပတ်သက်ကြောင်း..ထောင်တွင်းနေ.ဒေါ်စုကြည်က..နစကကိုပြောကြားခဲ့. May..9..ရက်.NCA..နောက်ဆုံးရာဇသံက…NUG..pdf. တွေသွေးပျက်စရာ..ပြေးနိုင်လဲလွတ်မယ်မထင်…ဒေါ်စုကြည်၏ ယနေ့ပြောစကား CRPH ရှိပြီးသားကို ဘာလို့ NUG အဖွဲ့ PDF အဖွဲ့ထပ်ဖွဲ့နေရတာလဲ  NLD ထိပ်ပိုင်းတွေအထဲရောက်နေသဖြင့် NLD လိုဂို NLD တံဆိပ်တုံးသုံးပြီးမည်သူမှ အမိန့်မထုတ်ရ  သူတို့ပြန်မလာမချင်းမည်သူမှ ပြောဆိုရေးသားအမိန့်ထုတ်ခွင့်မရှိပါတီအတွက်မလုပ်ရဟု CRPH NUG PDF ကို ဒေါ်စုကြည်မှ အသိအမှတ်မပြုလက်မခံကြောင်း ပြောကြားလိုက်ပါသည် […]

Continue Reading

Fact Check: ဒါရိုက်တာကိုပေါက် အမေရိကားကိုသွားပြီဆိုတဲ့သတင်းမှား

ဒါရိုက်တာကိုပေါက်တစ်ယောက် အမေရိကားကိုရောက်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “တာ့တာ…pdf.တို့ရေ… ငပေါက်..US.ကိုထိုင်းမလေးလမ်းကလစ်သွားပြီ မလေးကတဆင့်US.ဖလိုက်နဲ့.go.သွား.. သနားတယ်..စဖိုမှူးငပေါက်..လက်ရာ..နာနတ်သီးပုဇွန်ပေါင်း..ငပွတွေလျှာလည်သွားတာဖြစ်မယ်… Sittway Thitsar @ကရင်ပြည်နယ်”လို့ ရေးသားထားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်ဟာ ထင်ရှားပါတယ်။ တကယ် တော့ ဒီလိုသတင်းမှားတွေဖြန့်မလာခင်က ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်ကတည်းက ဒါရိုက်တာကိုပေါက်က သူ့အနေနဲ့ အမေရိကား ကိုရောက်နေတာမဟုတ်ကြောင်းသူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ရှင်းလင်းထားပါတယ်။  “အော် လူတွေ လူတွေ မစ္စျရိယစိတ်တွေ ဘယ်လောက်များကြသလဲဆိုတော့ ဟိုတစ်လောက အမေရိကန်ကလုပ်တဲ့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက အိန္ဒိယစစ်တပ်က ဒုံးကျည်စမ်းသပ်မှုဗွီဒီဒီယိုသာဖြစ်တယ်

အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို မြန်မာတပ်မတော်က စမ်းသပ်ပစ်လွှတ်အောင်မြင်ခဲ့တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယစစ်တပ်ရဲ့ မြန်နှုန်း မြင့်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသာဖြစ်ပါတယ်။ “BRAHMOS Super Sonic Crusie Missile  တစ်စင်း၊ မြန်မာ့တပ်မတော်တွင် စမ်းသပ်ပစ်လွှတ် အောင်မြင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြပါရစေ.(ကိုကိုးကျွန်း) Crd ဆရာဗိုလ်ကြီး”လို့ ရေးသားထားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၄ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၉၀၀ ကျော်ရှိထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်း၊ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းတွေ အသုံးပြုပြီး ရှာဖွေရာမှာ […]

Continue Reading

Fact Check: NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ ဆိုတဲ့သတင်းမှား

UN တံခါးပိတ်ဆွေးနွေးမှုအပြီးမှာ NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ အစည်းအဝေးကျင်းပနေတဲ့ဓာတ်ပုံနှင့်အတူ ဓာတ်ပုံပေါ်မှာ”မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ”လို့ ရေးသားထားပြီး “𝟕𝐃𝐚𝐲 𝐍𝐞𝐰𝐬-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကိုစစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘော တူလိုက်ပြီ” ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး UN ဝက်ဘ်ဆိုဒ်အပါအဝင်အခြားသော ပြည်တွင်းပြည်ပသတင်း ဌာနတွေမှာ မတွေ့ရပါဘူး။ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲကို […]

Continue Reading