Fact Check:  အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအဖြစ် ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံ

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံမှုလို့ဆိုထားတဲ့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလာပြီးနောက် နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ တကယ်တော့ ပြုပြင်ထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပါတယ်။ “အခုဆို နီပိတ်တွေက သူတို့ရဲ့ ဝန်ကြီး  အမေရိကန်သွားတယ် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ် ဘာညာဆိုပြီး ဖိုတိုရှော့တွေနဲ့ ဝါဒဖြန့်နေပါတယ်။ တကယ်တန်း အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးနဲ့ တွေ့ဆုံခဲ့သူက ဗိုလ်ချုပ်မှုးကြီး ဘဘမင်းအောင်လှိုင်ပါ။ အဲ့ဒီမှာတွေ့ရတာ အားမရလို့ အပြန်ကျ မြန်မာပြည်လိုက်လာခဲ့ပါသေးတယ်။ မသိတဲ့သူတွေကို မှိုင်းတိုက်နေကြလို့ အဖြစ်မှန်ကို တင်ပြလိုက်ရတာပါ။ ခရက်ဒစ်”လို့ရေးသားပြီး “အား သစ်” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   […]

Continue Reading

Fact Check:  အမေရိကန်သံအမတ်နေအိမ်ကို ချိတ်ပိတ်တယ်ဆိုတဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံ

အမေရိကန်သံအမတ်နေအိမ်ကို ချိတ်ပိတ်တဲ့ဓာတ်ပုံအဖြစ် ဓာတ်ပုံတစ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလာပြီးနောက် နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ ပါတဲ့အဆောက်အဦးဟာ အိမ်ဖြူတော်လို့ လူသိများတဲ့ အမေရိကန်သမ္မတအိမ်တော်ရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံနှင့်အတူ “ဤမြေနေရာနှင့် အဆောက်အဦး သည်အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့် ပတ်သက်စပ်ဆက်နေ သောကြောင့်နိုင်ငံပိုင်သိမ်းဆည်း မြေဖြစ်ပါသည်။ မကျူးကျော်ရ။ ရောင်းဝယ်ခြင်း မပြုရ”လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တစ်ခုလည်းပါဝင်ပါတယ်။ စစ်တပ်က PDF နဲ့ပတ်သက်တယ် ဆိုတဲ့သူတွေရဲ့ပိုင်ဆိုင်မှုကို ချိတ်ပိတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။ “ကြီးမားမှန်ကန်သော ဆုံးဖြတ်ချက်ပါ 👍 သံအမတ်အိမ် ချိတ်ပိတ်ပြီ #မြန်မာနိုင်ငံရဲ့အရေးကိုမြန်မာနိုင်ငံသားတွေပဲဆုံးဖြတ်ရမယ်”လို့ရေးသားပြီး “Nann Thin Thin Wai” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၅၃၀ ကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: KIA တပ်ရင်းနဲ့တပ်မဟာတွေကို မြန်မာစစ်တပ်လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ပုံလား-မဟုတ်ပါ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်ရင်းနဲ့ တပ်မဟာတွေကို မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်နေပုံအဖြစ် ဓာတ်ပုံ ၁ ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ အဝေးတစ်နေရာက အဆောက်အဦးတွေဆီကနေ မီးခိုးတွေ ပျံတက်နေတာကို မြင်တွေ့ရပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို  “KIA..ဂွမ်မော်…ဖင်ကျယ်တော့… KIA.ရင်း.၁၄..ရင်း.၆..တပ်မဟာ..၉.. လင်းယုန်တွေ…အစာကြွေးနေပြီ.. 10-5-22..အာရုံဦး…NCA..ဖောက်ဖျက်.ဆုံးမခြင်း..သင်ခဏ်းစာ. Sittway Thitsar @ကရင်ပြည်နယ်”လို့ရေးသားပြီး “Fighterforce Fighterforce”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ကနီမြို့နယ် ဝင်မနားရဲစခန်းအား PDF ကရှင်းလင်းတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်

လူမရှိတော့တဲ့နေအိမ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ္စည်းခိုးယူနေတဲ့ ဓာတ်ပုံတွေလို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကနီမြို့နယ် ဝင်မနား နယ်မြေရဲစခန်းကို PDF တွေက ဝင်ရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ “လူမရှိတော့တဲ့အိမ်တွေကပစ္စည်းတွေကိုပဒက်လေးတွေခိုးယူနေတဲ့ပုံတွေပါ… ပြီးရင်စစ်တပ်ကခိုးယူသွားတာပါလို့မီဒီညာတွေနဲ့ပေါင်းပြီးကမ္ဘာကိုအရင်ချပြတာ… အလိမ်အညာတွေကကမ္ဘာကိုပတ်နေချိန်အမှန်တရားကိုဖော်ပြတဲ့ MRTV apk ကဖြုတ်ချခံလိုက်ရပြီ….😏 #နေမင်းသူရိန်”လို့ရေးသားပြီး “နေမင်း သူရိန်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်က သယ်ယူနေတဲ့ ဓာတ်ပုံကို ပထမဆုံး ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  “ludunwayoo”အမည်နဲ့ဝက်ဘ်ဆိုဒ်က မေ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက NUG ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မင်္ဂလာဆောင် တဲ့ပုံလား- မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ မင်္ဂလာဆောင်လို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။  တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  “အနူဂျီးမှာ ဒုဝန်ကြီးဆိုလား အိသင်ဇာမောင်ကတော့ အရီးဒေါ်ပုံအောင်တဲ့ အထိ မစောင့်နိုင်​ေတာ့လို့ပါတဲ့ ကတ်လားနဲ့ မဂ်လာဆောင်လိုက်ပါပြီ”လို့ရေးသားပြီး “ဗိုလ်အောင်ဒင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၆ ပုံနှင့်အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၆၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးတာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ ဖေ့စ်ဘွတ်မှာ အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ “GX”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: ကျပ်ငါးထောင်တန်ထီးကို ဒေါ်လာ ၁ သန်းနဲ့ လေလံတင်တဲ့ ပန်ဆယ်လိုကို ဝေဖန်ဆိုတဲ့ သတင်းတုသတင်းမှား

ကျပ်ငါးထောင်တန်ထီးကို ဒေါ်လာ ၁ သန်းနဲ့ လေလံတင်တဲ့ ပန်ဆယ်လိုကို ဝေဖန်ခံနေရလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပို့စ်မှာ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် မေ ၅ ရက်စွဲနဲ့ သတင်းရေးသားဖော်ပြထားဟန်ရှိပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။ တကယ်တော့ အတုအယောင်ပြုလုပ်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ ဧရာဝတီသတင်းဌာနက မေ ၅ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ ပန်ဆယ်လိုအကြောင်းမပါဝင်သလို ထီးအကြောင်းလည်းမပါဝင်ပါဘူး။ “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ထီးတစ်လက် ငါးထောင်ပဲ ရှိတဲ့ဟာကို ။”လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး ဧရာဝတီသတင်းဌာနရဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်လေ့လာကြည့်ရာမှာ ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check: ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို PDF က မီးရှို့လို့သတင်းမှား ဖြန့်ဝေ

ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မီးရှို့ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်(Facebook)အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။  ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ သီတင်းရွာ(သတင်းရွာ)ရုပ်စုံကျောင်းမီးရှို့ခံတာမှန်ပေမဲ့ PDF ကလုပ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ “ဒို့မြန်မာတွေရဲ့အသဲနှလုံးကြေမွဖျက်ဆီးကုန်ပြီဗျာ ================================== ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို အကြမ်းဖက် pdf များမှ မီးရှို့ခဲ့ကြောင်းသိရှိရသည်။ AS#”စသည်ဖြင့်ရေးသားပြီး “စမ်းချင်သလိုစမ်း ဘဂျမ်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google နဲ့ ဖေ့စ်ဘွတ်မှာ အဓိကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ပုလဲမြို့နယ် သီတင်းရွာ(သတင်းရွာ)ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မီးရှို့သွားတာလို့ […]

Continue Reading

Fact Check:  အဖမ်းခံရတဲ့ ပရဟိတလူငယ် ၆ ဦးရဲ့ဓာတ်ပုံကို အသုံးပြုပြီး မုဒိန်းမှုနဲ့ ပတ်သက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအဖြစ်ဖြန့်ဝေ

အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးပုံကိုအသုံးပြုပြီး မုဒိန်းမှုနဲ့ပတ်သက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေလို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံတွေဟာ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ပရဟိတလူငယ် ၆ ဦးဖြစ်တာ တွေ့ရပါတယ်။ “နိုင်ငံရေးအကြောင်းပြ တောခိုမည်ဟု စည်းရုံးကာ…ဖမ်းဆီးရမိ PDF ကျားသုံးဦးက အတူပါလာသူ PDF မိန်းကလေးငယ် ၃ ဦးကို တောတွင်းမှာ အလိုမတူပဲ အတင်းအဓမ္မ အလှည့်ကျ ပေါင်းသင်းနေထိုင်တာကို ခံခဲ့ရကြောင်း မိန်းကလေးငယ်များ ကိုယ်တိုင် ရင်ဖွင့်ထွက်ဆို တိုင်ကြားလာကြောင်း သိရ တော်လှန်ရေးအတွက် တောထဲလိုက်ခွင့်ပြုတဲ့ မိဘတွေတော့ ရင်ကျိုးပေါ့လေ..crd ခရစ်ဒစ်”စသည်ဖြင့်ရေးသားပြီး “Ju Pai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။  […]

Continue Reading

Fact Check: ဆက်ကြေး​​ကောက်ခံတာမရလို့ နတ်ချောင်းရွာကို PDF ကမီးရှို့ တယ်ဆိုတဲ့သတင်းမှား

ဆက်ကြေးကောက်ခံတာမရလို့ နတ်ချောင်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကမီးရှို့ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ လွတ်လပ်တဲ့မီဒီယာအများ အပြားမှာဖော်ပြချက်နဲ့ကွဲလွဲပြီး အထောက်အထားမရှိပါဘူး။ “ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာ ရှိတဲ့ နတ်ချောင်းကျေးရွာက ပညာဗမ္မာန်ကိုယ် ပိုင်အထက်တန်းကျောင်းအပါအဝင်  လူနေအိမ် ၁၀၀ နီးပါးကို PDF အဖွဲ့မှ  ဆက်ကြေးကောက်ခံမှုမရရှိသောကြောင့် တစ်ရွားလုံးကိုမီးရှို့ရာ အိမ်ခြေတစ်ချို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိပါတယ်။”စသည်ဖြင့်ရေးသားပြီး “Aung Htoo San”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကျတဲ့ စကားလုံးအချို့အသုံးပြုပြီး Facebook(ဖေ့စ်ဘွတ်)နဲ့ Google မှာအကြောင်းအရာကို ရှာဖွေကြည့်ရာ မှာ ကလေးမြို့နယ် နတ်ချောင်းရွာဟာ စစ်တပ်ရဲ့ အကြိမ်ကြိမ်မီးရှို့တာခံခဲ့ရတာကို လွတ်လပ်တဲ့ […]

Continue Reading

Fact Check: အမေရိကန် ဗိုလ်ချုပ်ကြီး Cloutier ကို ရုရှားက ဖမ်းဆီးဆိုတဲ့သတင်းတု သတင်းမှား

အမေရိကန် ဗိုလ်ချုပ်ကြီး Gen. Cloutier ကို ရုရှားဖက်ကဖမ်းဆီးရမိတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ အကြောင်းအရာဟာ မှားယွင်းပါတယ်။ “မာရီယူပိုလ်က Azov တပ်တွေကို  နောက်ကွယ်ကအကူပေး၊ စီစဉ်ညွှန်ကြားနေတဲ့ အမေရိကန် Gen. Cloutier ကို ရုရှားဖက်က ဖမ်းဆီးမိလိုက်ပါပြီ။ #KT”စသည်ဖြင့်ရေးသားပြီး “ဗဟိုစည်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာမှားယွင်းကြောင်း နေတိုး (North Atlantic Treaty Organization-NATO)အဖွဲ့တာဝန်ရှိသူက ရိုက်တာ(Reuters)သတင်းဌာနကို အတည်ပြုထားတာတွေ့ရပါတယ်။ ဉရောပနေတိုး၏မဟာမိတ်ကွပ်ကဲမှုဌာနချုပ်(SHAPE)မှ ပြည်သူ့ရေးရာအရာရှိတစ်ဦးက သတင်းဌာန ကိုပြောကြားတဲ့ ထုတ်ပြန်ချက်မှာ “ဒီပြောဆိုချက်တွေဟာ လုံးဝလွဲမှားနေပါတယ်။ ၂၀၂၁ […]

Continue Reading