Fact Check: မြန်မာရေတပ်က သင်္ဘောတစ်စီးကို ရေမြှုပ်ပစ်တဲ့ပုံလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

ဖေဖော်ဝါရီ ၈ ရက်မှာ မြန်မာရေတပ်က မသင်္ကာစရာသင်္ဘောအုပ်စုကို ပစ်ဖောက်မြှုပ်ပစ်လိုက်တယ်ဆိုပြီးတော့ သင်္ဘောအပျက်အစီးပုံတစ်ခုနှင့်တကွမျှဝေနေတာတွေ့ရပါတယ်။ 

 “#တပ်မတော်(ရေ)ကတော့ဆော်လိုက်ပြန်ပြီ

8-3-21 ယနေ့ နံနက် ၁၁ း ၄၅ ချိန်ခန့် –

မြန်မာ အိန္ဒိယ ရေလက်ခြား ၄၅ ကီလိုမီတာ ခန့်

မသင်ကာစရာ သင်္ဘောအုပ်စု တွေ့ရှိရသဖြင့် –

သိသိခြင်း ကင်းထောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်

ပြင်ဆင်နေချိန် ဘယ်ကဘယ်လိုရောက်လားမှန်းမသိတဲ့ 

စတက် ဒုံးကျည်တစ်စင်း ၎င်းသင်္ဘောပေါ်သို့ ကျ ရောက်ပေါက်ကွဲသွားခဲ့ပြီး

သင်္ဘောနစ်မြုတ်သွားကြောင်း သိရ…

မြန်မာ့တပ်မတော်ကတော့အနော်ပစ်ဖူးနော်လို့ပြောလိုက်တယ်”လို့ ရေးသားထားတဲ့ပို့စ်ကို “ThaeChit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ပို့စ်တွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

ဒီပို့စ်ဟာ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ အင်တာနက်မှာပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ စစ်သင်္ဘောတစ်စီး မီးလောင်နစ်မြုပ်နေတဲ့ ဓာတ်ပုံ ဟာ ပြီးခဲ့တဲ့နှစ်များအတွင်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံကို အစောဆုံးအသုံးပြုခဲ့တဲ့အချိန်ကို ရှာဖွေကြည့်ရာမှာ  ၂၀၁၆ ခုနှစ်က စက်တင်ဘာ ၁၀ က youtube မှာဖော်ပြခဲ့တဲ့ သီချင်း ဗွီဒီယိုတစ်ခုမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။

 “Death of the Yamato”လို့ခေါင်းစဉ်ထားတဲ့ သီချင်းဗွီဒီယိုမှာ အစမှာ “ ၁၉၄၅ ခုနှစ် ဧပြီလထဲမှာ Yamato အခြားစစ်သင်္ဘော ၉ စီးနဲ့အတူ အိုကီနာဝါဟာ တပ်စွဲထားတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်တွေကို အသေခံတိုက်ခိုက်ဖို့ ကြိုးစားခဲ့သည်။ ဒီအုပ်စုထဲက သင်္ဘော ၅ စီးဟာ အမေရိကန်ရေတပ် သင်္ဘောပေါ်က တိုက်လေယာဉ်တွေက တုန့်ပြန်နစ်မြှုပ်ပစ်ခဲ့တာခံခဲ့ရဆိုပြီးတော့ ဒီသီချင်းအဖွင့်မှာ ရေးသားထားပါတယ်။

https://www.youtube.com/watch?v=fEumQj60YJY

မူရင်းလင်ခ့် –  TheOfficialNano |  Archive link 

“Death of the Yamato” သီချင်းဗွီဒီယိုပါဓာတ်ပုံနဲ့ မြန်မာရေတပ်က နှစ်မြှုပ်လိုက်တဲ့ သင်္ဘောပုံကို အောက်ပါ အတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

“မြန်မာ အိန္ဒိယ ရေလက်ခြား ၄၅ ကီလိုမီတာ ခန့် မသင်ကာစရာ သင်္ဘောအုပ်စု တွေ့ရှိရသဖြင့် သိသိခြင်း ကင်းထောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန် ဘယ်ကဘယ်လိုရောက်လားမှန်းမသိတဲ့ 

စတက် ဒုံးကျည်တစ်စင်း ၎င်းသင်္ဘောပေါ်သို့ ကျ ရောက်ပေါက်ကွဲသွားခဲ့ပြီးသင်္ဘောနစ်မြုတ်သွားကြောင်း သိရ”လို့ရေးသားချက်ကို စစ်ဆေးကြည့်ရာမှာ ဒီအချက်ကို အထောက်အပံ့ဖြစ်စေမယ့် သတင်းအချက်အ လက်မျိုးမတွေ့ရှိရပါဘူး။ “ရေလက်ခြား”ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ စကားလုံးမရှိသလို မြန်မာနဲ့ အိန္ဒိယကြားမှာ စကားလုံးအမှန်ဖြစ်တဲ့“ရေလက်ကြား”ဆိုတဲ့ နေရာမျိုးလည်းမရှိပါဘူး။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သင်္ဘောတစ်စီး မီးလောင်နစ်မြုပ်ပုံကို မြန်မာရေတပ်က ပစ်ခတ်နှစ်မြှုပ်လိုက်တဲ့ သင်္ဘောအဖြစ်သတင်းတုရေးသားမျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:မြန်မာရေတပ်က သင်္ဘောတစ်စီးကို ရေမြှုပ်ပစ်တဲ့ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *