Fact Check: မြင်းခြုံမြို့နယ် နောက်ဆုံးရရှိထားသော မဲစာရင်းဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်ဟာ ၂၀၂၀ ရွေးကောက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိပါ

Misleading လူမှုရေး

မြင်းခြုံမြို့နယ် နောက်ဆုံးရရှိထားသော မဲစာရင်းဆိုပြီး NLD က ၁၈၆၁၆ နဲ့ ၈၀ ဒသမ ၃၈ ရာခိုင်နှုန်းရခဲ့တယ် ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ  “မြင်းခြံမြို့နယ် နောက်ဆုံးရရှိထားသောမဲစာရင်း”လို့ ရေးသားထားပြီး ဓာတ်ပုံစာသားထဲမှာ “NLD  =  18618   80.38%  USDP  = 3389   14.63%  DPNS   =   915  3.95   WP   =   241  1.04%”လို့ရေးသားထားပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးစီးချိန် နိုဝင်ဘာ ၈ ရက်ည ၈ နာရီဝန်းကျင်မှာ ဒီဓာတ်ပုံပို့စ်ဟာ ““မြင်းခြံမြို့နယ် နောက်ဆုံးရရှိထားသောမဲစာရင်း”လို့ရေးသားပြီး ဖြန့်ဝေနေကြတာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါ ဓာတ်ပုံဟာ နိုဝင်ဘာ ၈ ရက်အထွေထွေရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာ ၆ ရက်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။

နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ တူညီတဲ့ ရေးသားမျှဝေချက်တွေကို အောက်ပါအတိုင်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

“ပုညရှင်”အမည်နဲ့ဖေ့စ်ဘွတ်ခ်အကောင့်က “Friends Who Like NLD News” ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အုပ်စုမှာ နိုဝင်ဘာ ၆ရက် နံနက် ၁၁နာရီဝန်းကျင်မှာ တင်ထားတာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဟာ ဒီဓာတ်ပုံ အွန်လိုင်းမှာ မျှဝေခဲ့ပြီးနောက် ၂ ရက်အကြာမှာမှ ကျင်းပခဲ့တာတွေ့ရပါတယ်။ ဒီရလာဒ်ဟာ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရလာဒ်တစ်ခုဖြစ်ကြောင်းကို နိုဝင်ဘာ ၆ ရက်က အချက်အလက်စိစစ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ realornot ကလည်း စိစစ်ဖော်ပြပြီးဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb LinkArchive link

ထပ်မံပြီး ဓာတ်ပုံစာသားမှာပါတဲ့ ပါတီအမည်အင်္ဂလိပ်အတိုခေါက်တွေကို လေ့လာကြည့်ရာမှာ ဒီပါတီတွေဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မြင်းခြံမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တဲ့ပါတီ ၄ ခုရဲ့ အတိုခေါက်တွေဖြစ်တာတွေကို တွေ့ရပါတယ်။၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မြင်းခြံမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DNPS) နဲ့ ပြည်သူ့အလုပ်သမားပါတီ(WP) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံးမဲရလာဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတာကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ  မြင်းခြံမြို့နယ်မှာ ပြည်သူ့အလုပ်သမားပါတီ(WP)ပါဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတာတွေ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အလိုက်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအမည်နဲ့ ကိုယ်စားလှယ်လောင်းတွေ အမည်ကို ဒီလင့်ခ်မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်သဖွယ်မျှဝေနေတဲ့ ဓာတ်ပုံနဲ့ နိုဝင်ဘာ ၆ ရက်က ဓာတ်ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “မြင်းခြံမြို့နယ် နောက်ဆုံးရရှိထားသောမဲစာရင်း”လို့ ရေးသားထားပြီး ဓာတ်ပုံစာသားထဲမှာ “NLD  =  18618   80.38%  USDP  = 3389   14.63%  DPNS   =   915  3.95   WP   =   241  1.04%”လို့ရေးသားထားတဲ့ ရလာဒ်ဟာ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက မဲရလာဒ်တစ်ခုဖြစ် တာတွေ့ရပါတယ်။

Avatar

Title:မြင်းခြုံမြို့နယ် နောက်ဆုံးရရှိထားသော မဲစာရင်းဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်ဟာ ၂၀၂၀ ရွေးကောက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *