
မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာ တွေ့ရတဲ့ “ငေါင်း”လို့ခေါ်တဲ့ သတ္တဝါအဖြစ် လူတစ်ယောက်ရွှံ့နွံလူးထားဟန်နှင့် သဏ္ဌာန်တူ ဓာတ်ပုံအချို့နှင့်အတူ ဖေ့စ်ဘွတ်နဲ့ ယူကျူချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ရေညှိနဲ့ရွှံ့နွံအသုံးပြုပြီး ပြင်သစ်အနုပညာရှင် တစ်ဦးဖန်တီးထားတဲ့ အနုပညာ လက်ရာတွေဖြစ်ပါတယ်။
“ကရင်ပြည်နယ်မှာတွေ့လိုက်ရတဲ့ မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ “ငေါင်း”လို့ရေးသားပြီး “Today MM”အမည်နဲ့ ယူကျူချန်နယ်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
ထို့အပြင် “ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုကနေ ပြန့်လာတာခပ်ဆန်းဆန်းလူလိုလိုသရဲလိုလိုနဲ့ သတ္တဝါတစ်ကောင်ပုံကို တော်တော်များများက ဘာကောင်းလဲသိချင်ကြပြီး၊ တစ်ချို့ကတော့ သစ်သားကိုထွင်း ထုထားတာလို့ဆိုကြပါတယ်။ တကယ်တော့ဒီသတ္တဝါဟာ မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါသာဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး၊ ယခုအခါမှာတော့ မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။ လူတော်တော်များများက ငေါင်းဟူသောသတ္တဝါကို ယုံတမ်းစကား သို့မဟုတ် နာနာဘာဝအကောင်လို့ ယူဆကြပါတယ်။ ဒီဘက်ခေတ်မှာတော့ သိသူတော်တော်နည်းသွားပါပြီ။ ငေါင်းကောင်သည် လူနှင့်တူသောသတ္တဝါဖြစ်ပြီး ဆံပင်အလွန်ကောင်းပါတယ်။ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ပါက ဆံပင်ကောင်းသည်ဟုအယူရှိသဖြင့် ရှေးခေတ်အမျိုးသမီးများငေါင်း၏ဆံပင်ကို ဆံစု(ဆံတု) လုပ်ကြလေ့ရှိပါ တယ်။ မြန်မာနိုင်ငံမှာတော့ ဟုမ္မလင်းနယ်စပ်၊ ဗန်းမောက်နယ်၊ မြစ်ကြီးနား၊ မိုးကောင်းတို့ဘက်မှာ တွေ့ခဲ့ရဘူး ပါတယ်။”စသည်ဖြင့် ရေးသားပြီး “thebest.com”အမည်နဲ့ ဝက်ဘ်ဆိုဒ်က လည်း မျှဝေထားပါတယ်။ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းမျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
“ငေါင်း”ကို ဒဏ္ဏာရီဆန်ဆန်တည်ရှိတဲ့လူပုံတူတောနေသတ္တဝါအဖြစ် မြန်မာနိုင်ငံမှာ ယုံကြည်ကြပါတယ်လို့ ဝီကီပီဒီးယားက ဆောင်းပါးတစ်ခုမှာဖော်ပြပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ယျူကျူဗွီဒီယိုနဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်းအရာ တွေဟာ အဆိုပါဝီကီပီဒီးယားကို အခြေခံပြီးရေးသား ထားတာတွေ့ရပါတယ်။ ဝီကီပီဒီးယားက ဒီဆောင်းပါးမှာ ဖော်ပြချက်အရ “ငေါင်း”ဟာခြေတစ်ချောင်းသာပါဝင်ပြီး သရုပ်ဖော်ပုံဟာလည်း အခုဖော်ပြထားတဲ့ပုံစံမျိုးမဟုတ် တာတွေ့ရပါတယ်။
ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြု ရှာကြည့်မယ်ဆိုရင် ဒီဓာတ်ပုံတွေဟာ Régis et Sophie အမည်နဲ့အနုပညာရှင်က ဖန်တီးထားတဲ့အနုပညာလက်ရာ တွေဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို အညွှန်းမှာ ရေညှိနဲ့ရွှံ့နွံအသုံးပြုပြီး ပတ်ဝန်းကျင်နှင့် သင့်တော်တဲ့ ပုံစံကို ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ သူ့ပုံဖော်ခဲ့တဲ့ သတ္တဝါကတော့ လူနဲ့ သဘာဝကြားက ဖြစ်စဉ်မျိုးဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

မူရင်းလင်ခ့် – Regisophie.com | Archive link
ဒီအနုအပညာလက်ရာတွေရှိတဲ့နေရာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုကို အောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မြန်မာနိုင်ငံ ကရင်ပြည်နယ်တွေ့လိုက်ရတဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ “ငေါင်း”ဆိုပြီး မျှဝေထားတဲ့ ပုံဟာ ရေညှိနဲ့ရွှံနွံအသုံးပြုပြီး ပြင်သစ်အနုပညာရှင် တစ်ဦးဖန်တီးထားတဲ့ အနုပညာလက်ရာသာဖြစ်ပါတယ်။

Title:မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ “ငေါင်း”ပုံအဖြစ်မျှဝေနေတဲ့ပုံအမှား
Fact Check By: Nayar MaungResult: False