နီပေါပြည်တွင်းစစ်တုန်းက ဗွီဒီယိုကို တပ်မတော်နှင့် AA တိုက်ပွဲမြင်ကွင်းလို့ဖော်ပြနေတဲ့ ဗွီဒီယိုသတင်းမှား

နိုင်ငံတကာ၊ | International နိုင်ငံရေး၊

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာနဲ့တဝှမ်းမှာ စိတ်မချမ်းမြေ့ဖွယ်ရာနေ့စဉ်တွေ့မြင်နေရချိန်မှာ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးဖို့ နှာခေါင်းတို့ဖက်နဲ့ အာခေါင်တို့ဖက် နမူနာသယ်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကားတစ်စီးကို ဧပြီ ၂၀ ရက်က လက်နက်နဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “တပ်မတော်နှင့် AA တိုက်ပွဲမြင်ကွင်း AA ဖက်က ဘယ်သူတွေပါတယ်ဆိုတာ ဆုံးအောင် ကြည့်စေချင်တယ်” ဆိုပြီး “ရဲရင့်ထက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက တိုက်ပွဲဖြစ်ပွားမှုကို နောက်ခံပြုထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို မျှဝေလာပါတယ်။

Fb linkArchive link

“ပြည်သူတွေ အေးချမ်းဖို့ ..သည် အကြမ်းဖက်တွေကို တပ်မတော်သမနေရအုံးမည်ပေါ့….ဘာတွေလဲ သိကြပါရဲ့ လားရခိုင်လူမျိုးတွေ…”ဆိုပြီးတော့ Thein Naing Win အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုကို နီပေါပြည်တွင်းစစ်တုန်းကဗွီဒီယိုပါဆိုပြီး ဖေ့စ်ဘွတ်သုံးစွဲသူတစ်ယောက်က မှတ်ပေးခဲ့တာ သတိ ထားမိပါတယ်။ Google  မှာ “nepalese civil war”ဆိုပြီး အဓိကကျတဲ့ အင်္ဂလိပ်စကားလုံးတွေနဲ့ ရိုက်ရှာပြီး ဗွီဒီယိုနဲ့ ပတ်သက်တဲ့ “videos”ဆိုတဲ့ကဏ္ဏကို နှိပ်ကြည့်လိုက်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဗွီဒီယိုတွေထဲမှာ Citizneside တံဆိပ်နဲ့ ၃၃ စက္ကန့်ကြာမြင့်တဲ့ဗွီဒီယိုဖိုင်ကို InVID ဗွီဒီယိုဆန်းစစ်ရေးဆော့ဖ်ဝဲမှာ ပါတဲ့ Analysis ဆိုတဲ့ကိရိယာကို သုံးပြီး ဗွီဒီယိုနဲ့ ပတ်သက်တဲ့အချက်အလက်ကို ရှာဖွေကြည့်ရာမှာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုကို Citizneside အမည်နဲ့ဝက်ဆိုဒ်တစ်ခုမှာ၂၀၀၉ ခုနှစ် မတ် ၂၂ ရက်က တင်ခဲ့တာတွေ့ရပါတယ်။ 

Citizenside

နောက်ထပ် InVID ဗွီဒီယိုဆန်းစစ်ရေးဆော့ဖ်ဝဲကိုပဲ အသုံးပြုပြီး ဒီဗွီယိုဖိုင်နှစ်ခုကို ဗွီဒီယိုက ဓာတ်ပုံအဖြစ် ပြောင်းပြီး နှိုင်းယှဉ် ကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ 

Citizneside မှာမူလတင်ထားတဲ့ ဗွီဒီယိုအပိုင်းသုံးပိုင်းပါဝင်ပါတယ်။ ကျန်တဲ့အပိုင်းတွေကို အောက်ပါလင့်ခ်တွေ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

Link2
Link3

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ “ရဲရင့်ထက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ တပ်မတော်နဲ့ “တပ်မတော်နှင့် AA တိုက်ပွဲမြင်ကွင်း”ဆိုတဲ့ဗွီဒီယိုဟာ သတင်းတုသတင်းမှားဖြစ်ပြီး ဗွီဒီယိုဟာ ၂၀၀၉ ခုနှစ်က နီပေါပြည်တွင်းစစ်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။

Avatar

Title:နီပေါပြည်တွင်းစစ်တုန်းက ဗွီဒီယိုကို တပ်မတော်နှင့် AA တိုက်ပွဲမြင်ကွင်းလို့ဖော်ပြနေတဲ့ ဗွီဒီယိုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *