
ရက္ခိုင့်တပ်တော် AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ကြူကြူလှနဲ့ မောင်နှမဝမ်းကွဲတော်စပ်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပို့စ်တင်နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “သင့်သိပါသလာ ကာချုပ်မိန်မနဲ. ရခိုင်သူပုန်း ခေါင်ဆောင်ထွန်မြက်နိုင်ဟာ မောင်နှမဝမ်းကွဲတော်တယ်ဆိုတာ”လို့ ရေးသားထားတာတွေ့ရပါတယ်။
သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

မူရင်းလင့်ခ် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားထားတာနဲ့ပတ်သက်ပြီး ဆန်းစစ်မယ်ဆိုရင် ဒေါ်ကြူကြူလှက ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ သံတွဲမြို့ဇာတိဖြစ်ပြီး AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသဖြစ်တဲ့ စစ်တွေမြို့ဇာတိဖြစ်တာကို တွေ့ရပါတယ်။
Fact Crescendo Myanmarက တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကို ဖုန်းနဲ့ ဆက််သွယ်မေးမြန်းရမှာတော့ “မတော်လောက်ဘူးထင်တယ်၊ သံတွဲနဲ့ စစ်တွေဆိုတော့၊ သတင်းအမှားဖြစ်မှာပါ၊ အဲ့လို့သတင်းအမှား ကျွန်တော်ထင်တယ် လွန်ခဲ့တဲ့ နှစ်လလောက်တော့ ရှိပြီထင်တယ်၊ ဒေါ်ကြူကြူလှက AAကိုထောက်ပံ့လို့ ဖမ်းသွားပြီဆိုတာမျိုးတွေပေါ့၊ ဒါလည်း အတုပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ယောက္ခထီးတော်စပ်သူကို Fact Crescendo Myanmrက ဖုန်းနဲ့ဆက်သွယ် မေးမြန်းရာမှာတော့“မဟုတ်ပါဘူး၊ ယျေဘုယျစဉ်းစားမယ်ဆိုရင်တောင် မဖြစ်နိုင်ပါဘူး၊ ဒေါ်ကြူကြူလှက အသက် ၆၀ကျော်ပြီလေ၊ ထွန်းမြတ်နိုင်ကတော့ ၄၀ စွန်းစွန်းလောက်ရှိပြီ၊ မဟုတ်ပါဘူး၊ သတင်းအမှားပါ’လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်တွေအရ ရက္ခိုင့်တပ်တော် AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မြန်မာ့တပ်မတော ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ကြူကြူလှနဲ့ မောင်နှမဝမ်းကွဲတော်စပ်တယ်ဆိုတာ သတင်းအမှားသာဖြစ်တာကို တွေ့ရပါတယ်။

Title:AAခေါင်းဆောင်နဲ့ တပ်မတော်ကာ/ချုပ်ဇနီးနဲ့ မောင်နှမဝမ်းကွဲ တော်စပ်တယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False