Fact Check: “ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်ထားတဲ့ သီချင်းအသုံးပြုပြီး NLD စတစ်ကာကားတန်းကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယို ထပ်မံ ပုံဖျက် ဖြန့်ဝေ

Misleading နိုင်ငံရေး | Politics

နေပြည်တော်မှာ NLD ကားစတစ်ကာကပ်ကန်ပိန်းစီတန်းလှည့်လည်လာသူတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယိုကို NLD ရဲ့ရွေးကောက်ပွဲသီချင်း“ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်သီဆိုထားတဲ့ သီချင်းနဲ့ အစားထိုးပြီး ထပ်မံပုံဖျက်ထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။

ဗွီဒီယိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ‘အင်္ဂလိပ်၏ ကျွန်မယား’၊ NLD ပါတီကို ‘သာသနာဖျက်ပါတီ’စတဲ့ စကားလုံးတွေအတူနဲ့ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှု စကားလုံးများနဲ့ သီချင်းအသံပါဝင်ပါတယ်။ 

“နှစ်ဖက်ချွန်လို့ ခေါ်ချင်ခေါ်ပါ။ NLDကို တလှည့် မဲဆွယ်ပေးပါရစေ။”လို့ရေးသားပြီး “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုသတင်းအမှားဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ “Chair NLD” ဖေ့စ်ဘွတ်အကောင့်မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တင်ထားတဲ့ ဗွီဒီယိုကို ဒီဂျစ်တယ်နည်းအသုံးပြုပြီး ပြုပြင်ထားတွေ့ရ ပါတယ်။

“NLD Car Sticker Campaign”လို့ရေးသားပြီး “နေပြည်တော်ကားချစ်သူများအုပ်စု၏ NLD ကားစတစ်ကာ ကပ်ကန်ပိန်းစီတန်းလှည့်လည်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ နေအိမ်လမ်းရှေ့မှ ကြိုဆိုနှုတ်ဆက်ခြင်းဖြစ်ပါသည်”လို့ရေးသားပြီး မူရင်းဗွီဒီယိုကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

ဒီမူရင်းဗွီဒီယိုဟာ ၅ မိနစ်နဲ့ ၄၅ စက္ကန့် ရှည်ကြာပြီး နောက်ခံသီချင်းဟာ “အောင်လံလွှင့်မည် NLD” ခေါင်းစဉ်နဲ့သီချင်းဖြစ်ပါတယ်။

https://www.facebook.com/watch/?v=606846629994936

မူရင်းလင့်ခ် –  Chair NLD  |  Archive link 

သတင်းဌာနအသီးသီးကဖော်ပြခဲ့တဲ့ ဒီကားစတစ်ကာ အောင်နိုင်ရေးလှုပ်ရှားမှုသတင်းကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

NLD အောင်နိုင်ရေးသီချင်းထဲမှာ တစ်ပုဒ်အပါအဝင်ဖြစ်တဲ့ ဒေါက်ဖိနပ်လျှောက်သံကို ဒီနေရာမှာ ဝင်ရောက် နားစဉ်နိုင်ပါတယ်။ 

“Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ဗွီဒီယိုနဲ့ “Chair NLD” ကဗွီဒီယိုကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

Nay Thurain အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူဟာ အကောင့်ဟာအကောင့်တုဖြစ်ပြီး သတင်းတုသတင်းမှားတွေ မကြာခဏတင်တာ တွေ့ရပါတယ်။ ဒီအကောင့်မှာ အာဏာ ရပါတီ NLD ကို တိုက်ခိုက်တဲ့ အရေးအသားတွေ ဘာသာရေး တိုက်ခိုက်ရေးသားတဲ့ ပို့စ်တွေ မကြာခဏ တင်လေ့ရှိတာလည်း တွေ့ရသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ချီးမွှမ်းထားတဲ့ပို့စ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံတဲ့ အရေးအသားတွေလည်း တွေ့ရပါတယ်။ “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူဟာ NLD ကားစတစ်ကာကပ်ကန်ပိန်းစီတန်း လှည့်လည် လာသူတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယိုကို ပုံဖျက်ထားတဲ့ သီချင်းအစားထိုး မျှဝေမှု ဖြစ်ပါတယ်။

Avatar

Title:“ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်ထားတဲ့ သီချင်းအသုံးပြုပြီး NLD စတစ်ကာကားတန်းကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယို ထပ်မံ ပုံဖျက် ဖြန့်ဝေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *