
တမာရွက်စားလို့ မလေးရှားမှာ covid 19 ပျောက်တာ အများကြီးရှိပြီဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
“တမာရွက် စားလို့ မလေးရှားမှာ covid 19 ပျောက်တာ အများကြီးရှိပြီတဲ့…ဝမ်းသာစရာပဲနော်… ပြန်လည် Share ပေးခြင်းဖြင့် လူသားအသက်ကို ကယ်ကြပါစို့ခဗျာ… Covid-19.ရောဂါပိုး အတွက်သတင်းကောင်း တစ်ခုပါမလေးရှားနိုင်ငံရောက် မြန်မာပြည်ဖွား သားအဖ နှစ်ဦးစလုံး Coronavirus အကူးခံရပြီး အလွန်ချောင်းဆိုးကာ အသက်ရှူရ ကြပ်သည်အထိဖြစ်လာခဲ့လေသည်။ထိုသို့ အခြေအနေ၌ မလေးရှားနိုင်ငံ၏ ဆရာဝန်တစ်ဦးအား အကြောင်းကြားအိမ်သို့ ပင့်ခေါ်သော်လည်း ရောဂါကူး ခံရမည် အထင်ဖြင့် မရောက်ရှိ လာခဲ့ပေ”ဆိုပြီး “PTTK-Royal Online Shop Vlog”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသား ထားတာတွေ့ရပါတယ်။

“ရှုထောင့် မှူ ခင်းနှင့်သတင်း”အမည်နဲ့စာမျက်နှာကလည်း “မှုခင်းနှင့်သတင်းစုံစမ်းရေးအဖွဲ့( S.H ). သင်္ဃန်းကျွန်း” အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ “တမာရွက်ကcovidကိုပျောက်တယ်ဆိုပြီး
မက်စင်ဂျာတွေကိုပို့လာပါတယ် တကယ် ပျောက်ရင် မြန်မာ့ဆေးနည်း ကမ္ဘာကျော်မယ်
တမာပင်တွေ၊တမာရွက်တွေစျေးမတက်ခင် ဝယ်ကြမှဖြစ်မယ် မြန်မာပြည်က လုပ်စားတွေက
ထစ်ခနဲဆိုစျေးတက် ထစ်ခနဲဆို စျေးတက်”ဆိုပြီး အောက်ပါတိုင်းမျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေး မီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြားထားပါတယ်။

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။
ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထာပါတယ်။

Google မှာ အဓိကစကားလုံးတွေဖြစ်တဲ့ “covid-19 neem leaves”ဆိုပြီးရိုက်ရှာရာမှာ အောက်ပါတိုင်းတွေ့ရပါတယ်။

Covid-19 ကိုတမာရွက်က ကုသနိုင်စွမ်းရှိတယ်ဆိုတာ သိပ္ပံနည်းကျအထောက်အထားမတွေ့ရဘူးလို့ မလေးရှားနိုင်ငံက ကိုယ်ခံစွမ်းအားဗေဒနဲ့ ဗိုင်းရပ်စ်သုတေသီ ပါမောက္ခ ဒေါက်တာ Shamala Devi Sekaran နဲ့ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ပါမောက္ခ Datuk Dr Awang Bulgiba က ပြောကြားထားတာတွေ့ရပါတယ်။

ကူးတမာရွက်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေပြော ထားတာကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ Covid-19 ကိုတမာရွက်က ကုသနိုင်စွမ်းရှိတယ်ဆိုတာ သိပ္ပံနည်းကျအထောက်အထားမတွေ့ရှိသလို မလေးရှားနိုင်မှာ တမာရွက်စားပြီး လူအမြောက် အများသက်သာလာတယ်ဆိုတဲ့အထောက်အထားလည်း မတွေ့ရတဲ့အတွက် ဒီသတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Title:တမာရွက်စားလို့ မလေးရှားမှာ covid-19 ပျောက်တာအများကြီးရှိပြီဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False