
တဖက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကို ဆောင်ရွက်နေရချိန်ဖြစ်ပေမဲ့ ရခိုင်ပြည် နယ်မှာတော့ တပ်မတော်နဲ့ ရခိုင်လက်နက်အဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဆက်လက်ရှိနေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာနယ်စပ်bp112/113ကြားကျွဲကျောင်း/နွားကျောင်း/ထင်းခွေ/မျှစ်ချိုး AA အယောင် ဆောင်ရခိုင်လူတော်လူမော်အရောင်းအဝယ်သမား၅၆ယောက်၏ကုန်ပစ္စည်းများနှင့်အရောင်းအဝယ်အထောက်အကူပြုပစ္စည်းများအားမြန်မာ့တပ်မတော်မှတိုက်ခိုက်လုယက်ယူငင်သိမ်းဆည်းထားပါကြောင်းနှင့်ပစ္စည်းယူငင်သိမ်းဆည်းစဉ်အပြစ်မဲ့ကုန်ရောင်းဝယ်သူ၅၆ယောက်သေဆုံးခဲ့ပါ၍မီဒီယာများမှအမြန်တင်ပြနိုင်ပါရန်သတင်းဓာတ်ပုံနဲ့တကွတင်ပြပေးလိုက်ရပါသည်” ဆိုပြီး “သုဘရာဇာကြီး”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “တပ်မတော်ကို ချစ်မြတ်နိုးသူများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ အလားတူ “တိုက်စစ်ကောင်း” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒီပို့စ်မှာပြောထားသလို လက်နက်တွေ အမြောက်အများနဲ့ အရပ်သားအယောက်ဆောင်သူတွေ ရခိုင်မှာ ဖမ်းဆီး ရမိတဲ့သတင်းမျိုး တပ်မတော်ကာကွယ်ရေးဉီးစီး ချုပ်ရုံးရဲ့ ဝက်ဘ်ဆိုဒ်မှာ သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။
ဒီပို့စ်က ဓာတ်ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေတဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၁၅ ခုနှစ် ဧပြီ ၁၄ ရက်က မနီလာတိုင်းမ်က ဆောင်းပါးတစ်ပုဒ်မှာ ဒီပုံကို စတင်သုံးစွဲခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုး Barrett M82 ကိုပုံစံယူပြီး မိုရိုအစ္စလာမစ်လွတ်မြောက်ရေးတပ်ဉီး(moro islamic liberation front)က သေနတ်တွေ ထုတ်လုပ်နိုင်နေပြီဖြစ်တဲ့အတွက် ဖိလစ်ပိုင်တပ်ဖွဲ့တွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီး လို အဓိပ္ပာယ်ရတဲ့ အတွေးအမြင်ဆောင်းပါး သုံးစွဲထားတဲ့ပုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။
Reddit.com အမည်နဲ့လူမှုကွန်ယက်ဝက်ဆိုဒ်မှာလည်း လွန်ခဲ့တဲ့ခြောက်နှစ်က ဒီပုံကို တင်ထားတာ တွေ့ရ ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီဓာတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၇ ခုနှစ်ထဲမှာ Battle of Marawi လိုအမည်ရဲတဲ့ အစ္စလာမစ်စစ် သွေးကြွ တွေနဲ့ ဖိလစ်ပိုင်စစ်တပ်တို့ မော်ရဝီမြို့ပေါ်မှာ ၅ လကြာတိုက်ပွဲအတွင်းမှာ အွန်လိုင်းမှာဆွေးနွေးမှုတွေ တစ်ကြော့ ပြန်လည်သုံးစွဲခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ AA အယောင် ဆောင်ရခိုင် ၅၆ယောက်ဆီက လက်နက်တွေ တပ်မတော်က ဖမ်းဆီးရမိတယ်ဆိုတဲ့အထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရသလို ဓာတ်ပုံတွေဟာ ဖိလစ်ပိုင်မွတ်ဆလင် ခွဲထွက်ရေးသမား တွေအကြောင်းရေးသားထားတဲ့ ဓာတ်ပုံဖြစ်နေတဲ့အတွက် သတင်းတုသတင်းမှားဖြစ် သတ်မှတ်ပါတယ်။

Title: ဖိလစ်ပိုင်မွတ်ဆလင်ခွဲထွက်သမားတွေရဲ့ လက်နက်တွေကို AA လက်နက်ကိုင်ဆီက ဖမ်းဆီးရမိပုံ အဖြစ်ဖော်ပြနေ
Fact Check By: Nayar MaungResult: False