
ဆားရေဖြင့် ပလုက်ကျင်းရင် corona ဗိုင်းရပ်စ်ကိုဖယ်ရှားနိုင်တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
“Corona ဗိုင်းရပ်စ်သည် အဆုတ်သို့မရောက်မီလည်ချောင်းထဲ၌ ၄ ရက်နေရသည်။ ဤအချိန်တွင် လူသည် ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများစတင်ဖြစ်ပွားခဲ့သည်။ အကယ်၍ သူသည်ရေကို များများစားစားသောက်ခြင်း၊ ရေနွေးနဲ့ ဆားကို ပလုပ်ကျင်းခြင်းသည် ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ပါသည်။ သင်အချက်အလက်နှင့်အတူ တစ်စုံတစ်ဉီးကိုကယ်တင်နိုင်သောကြောင့် ဤအချက်အလက်ကို ဖြန့်ဝေပေးပါ” ဆိုပြီးတော့ Htain Lin အမည်နဲ့အကောင့်က မျှဝေထားတာတွေ့ရပါတယ်။ “ဆားရေနဲ့ အာလုပ်ကျင်းပါ”လို့လည်း ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ ရိုးရိုးအအေးမိဖျားနာတာ တွေမှာတော့ နှာခေါင်းကို ဆားရေနဲ့ဆေးကြောပေးတာကြောင့် မြန်မြန်နေကောင်းလာတယ်ဆိုတဲ့ အထောက်အထားအနည်းငယ်တော့ရှိပါတယ်။ သို့သော်လည်း အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကူးစက်မှုတွေမှာတော့ ကာကွယ်နိုင်တာမျိုးမရှိပါဘူး လို့လည်း ရေးသားထားပါတယ်။

၂။ ဆားဟာ ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ ဆိုဒီယမ်ကလိုရိုက်နဲ့ ဖွဲ့စည်းထားပါတယ်။ဆိုဒီယမ်နဲ့ ကလိုရင်းပေါင်းစပ်ထားတဲ့ ဒြပ်ပေါင်းဖြစ်ပါတယ်။

ကလိုရင်းကို ခန္ဓာကိုယ်ပေါ်မှာ ဖြန်းရုံနဲ့ ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ဗိုင်းရပ်စ်ကို မတိုက်ထုတ်နိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားပါတယ်။ ဒီလိုဖြန်းမယ်ဆိုရင် အဝတ်အစားနဲ့ ချွဲထုတ်တဲ့အမေးပါးလေးတွေ(ဥပမာ-မျက်လုံး၊ပါးစပ်) ကို ထိခိုက်ပျက် စီးနိုင်တယ်လို့ ပြောကြားထားပါတယ်။ ကလိုရင်းကို မျက်နှာပြင်တွေမှာ ကပ်တွယ်နေတဲ့ ကူးစပ်ပိုးမွှာကို ဖယ်ရှားဖို့ သုံးတာမှန်ပေမဲ့ အကြံပြုချက်အတိုင်းသာသုံးသင့်တယ်လို့ ပြောထားတာတွေ့ရပါတယ်။

ပါးစပ်ဆေးရည်နဲ့ပလုပ်ကျင်းတာက ကိုရိုနာဗိုင်းရပ်စ်ကူးစပ်မှုကနေကာကွယ်နိုင် တယ်ဆိုတာ သက်သေအထောက်အထားမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကပြောထားပါတယ်။

လည်ချောင်းနာတာအတွက် ဆားရည်နဲ့ ပလုတ်ကျင်းတာဟာကောင်းတယ်ဆိုတဲ့ အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ညွှန်ဆိုထားတဲ့ အထောက်အထားတစ်ချို့တော့ရှိပါတယ်။

၃။ သတ္တဝါတိုင်းအတွက် ရေဟာ အရေးပါတာမို့ ရေများများသောက်တာကောင်းပါတယ်။ ဒါပေမဲ့ ရေသောက်တာဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတာလည်း သက်သေအထောက်အထားမရှိဘူးလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

သုံးသပ်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနလိုမျိုးဌာနတွေက ရိုးရာဓလေ့နည်းလမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာအောင်လုပ်နိုင်ကောင်းလုပ်နိုင်မယ်လို့ ပြောကြားထားပေမဲ့ ဒီလိုကုသမှုတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာမှာတော့ တိကျမှန်ကန်တဲ့ အဖြေတော့ မဟုတ်ပါဘူး။

Title:ဆားရေဖြင့် ပလုပ်ကျင်းရင် corona ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ တစ်ဝက်မှန် တစ်ဝက်မှားသတင်း
Fact Check By: နေရာမောင်Result: Partly False
Good job