သင်္ဘောတစ်စင်းပေါ်ကနေ ရိုက်ပြထားတဲ့ မြင်ကွင်းတစ်ခုမှာ ကြည်လင်နေတဲ့ ရေပြင်ကျယ်ကြီးနဲ့ အနည်ငယ်နောက်ကျိနေရတဲ့ ရေပြင်ကျယ်ကြီးနှစ်ခုဟာ စည်းခြားထားသလို မရောနှောဘဲရှိနေတာကို ပြထားပါတယ်။

တစ်မိနစ်ခန့် ရှည်လျားတဲ့ ဒီဗွီဒီယိုကို “မမြင်ဖူးသူများအတွက်" ပစိဖိတ် နှင့် အတ္တလန္တိတ် "သမုဒ္ဒရာနှစ်စင်းမြင်ဖူး သူလက်ချိုးရေလို့ရတဲ့အထဲ သင်ပါသွားပါပြီ”ဆိုပြီးတော့ “Pan Do Ra”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲစူ ၅ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။

Fb linkArchive link

ဒီဗွီဒီယိုကိုပဲ “Mg Oo”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်တွင်းပြည်ပ-သတင်းစုံ”အမည်နဲ့ဖစ်ဘွတ်အုပ်စုမှာ ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။သမုဒ္ဒရာ ၂ စင်းဆုံရာလို့ ပြောနေကြတဲ့ ဗွီဒီယိုဟာပြီးခဲ့တဲ့

နှစ်အငယ်အတွင်းကတည်း မကြာခဏပျံ့နှံ့ခဲ့ တာသတိထားမိပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “junction of pacific and atlantic ocean” လို့ရိုက်ရှာပြီး ဗွီဒီယိုကဏ္ဏကို ဖွင့်ကြည့်မယ်ရှာဆိုရင် အောက်ပါအတိုင်းရလာဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း ဒီလိုအလား သမုဒ္ဒရာ ၂ စင်းဆုံရာအဖြစ်ပျံ့နှံ့ခဲ့တာလည်း အချက်အလက်စိစစ်ရေး အဖွဲ့အစည်းအသီးသီး ဒီလိုရောနှောမှုကိုပြတဲ့နေရာဟာ သမုဒ္ဒရာ ၂ စင်းဆုံတဲ့နေရာမဟုတ်ဘူးဆိုပြီးတော့ တင်ပြထားတာ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

AFPFrance24

မူလဒီဗွီဒီယိုကို ရိုက်ကူးခဲ့တဲ့သူဟာ Maryan Pearson ဆိုသူပြီးဖြစ် ကနေဒါနိုင်ငံအပိုင်ဖြစ်တဲ့ ပရေဇာမြစ်ဟာ ဂျော်ဂျီယာရေလက်ကျားမှာ သမုဒ္ဒရာထဲကို စီးဝင်နေပုံကို BC Ferries အမည်ရသင်္ဘောကုမ္ပဏီပိုင်သင်္ဘော တစ်စင်းပေါ်ကနေရိုက် ကူးခဲ့ တာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

You Tube Link

ပစိဖိတ်သမုဒ္ဒရာနဲ့ အတ္တလန်တိတ် သမုဒ္ဒရာ အမှန်တကယ်ဆုံတွေ့ရာနေရာဖြစ်တဲ့ နယူးဇီလန်နိုင်ငံ မြောက်ပိုင်း ကျွန်းထိပ်တစ်နေရာကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ပစိဖိတ်သမုဒ္ဒရာနဲ့ အတ္တလန်တိတ် သမုဒ္ဒရာဆုံရာနေရာအဖြစ် မျှဝေနေကြတဲ့ ဗွီဒီယိုဖိုင်ဟာ ပရေဇာမြစ်ဟာ ဂျော်ဂျီယာရေလက်ကျားမှာ သမုဒ္ဒရာထဲကို စီးဝင်နေပုံရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

Title:ရေကြည်ရေနောက်မရောတဲ့နေရာက ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာဆုံရာနေရာလား

Fact Check By: Nayar Maung