မန္တလေးတိုင်းဝန်ကြီးချုပ်ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောဆိုမှုပေါက်ကြားဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောထားတဲ့ စကားတွေ ပေါက်ကြားလာတယ်ဆိုတဲ့ စကားပြောခန်းတွေကို screenshots ရိုက်ထားတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ နိုင်ငံတော်သမ္မတနဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ စကားပြောခန်းလို့ ယူဆရ ဖွယ်ရှိပြီး “သမ္မတကြီး”လို့ယူဆရတဲ့စကားလုံးကိုတော့ ပျံ့နှံ့လျက်ရှိတဲ့ screenshot တွေမှာ ဖျက်ထားတာတွေ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မွတ်ဆလင် အမတ် ၂၀ ရာခိုင်နှုန်းပါအောင်လုပ်ဖို့ စေခိုင်းထားတဲ့အကြောင်းတွေ လည်းပါဝင်ပါတယ်။

ဒီ screenshots ဓာတ်ပုံတွေကို “ရွှေခီး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူနဲ့ “သူမသိစေချင်ဘူး”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

လူထုဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အထက်ပါ screenshots ကိုအလားတူမျှဝေထား တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဉက္ကဌ(၂) မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီအပြန်အလှန်စာရေးသားချက်ဟာ အတုဖြစ်ကြောင်း The Mandalay News Journal ကို ဖြေကြားထားတာတွေ့ရပါတယ်။ 

https://www.facebook.com/TheMandalayNewsJournal/posts/1381991391995940?__xts__%5B0%5D=68.ARCe5oZ9cbKYynN0qKxgokwpoo-yNB9odrt0HBzZe1qby3mQNVoqLMxKRdO0bQdZ37cRvjUu7x1cluFc5tawJ5I2MW3w34_DmAXmgy96alaP0HBBalSoxUhitHknrw1A8rWE5jDUHeya9_0MgvJom3Qjw2Q6ZJTx0LCfDaaQjPuAS3SDWdOZqaXw96Ak-MinW3Y6r-JEWPDfw_ou8pwdSZC_EKhpVq-GXcyysiLP7GIi5QTqhMWndbkIX0o2iQv5HAX_XZfWbQjdnC17zOSwX2woCkDxHdhpWpVYC8Jn7TLuH4q29hqyBFxoOkV5oO2-l5md8QW-OpEXJaIjLEv3lLtdrg&__tn__=-R

“လူထုဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ အုပ်စု ၄ စု ကွဲနေတဲ့ အတွက် NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ်နေတယ်လို့ ဒေါက်တာအောင်မိုးညိုပြောဆိုတဲ့ သတင်းမှားပို့စ်ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကမျှဝေခဲ့ပါတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Fact Crescendo Myanmar

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဖေ့စ်ဘွတ် မက်ဆေ့ဂျာကနေ ပြောထားတဲ့ စကားတွေ ပေါက်ကြားလာတယ်ဆိုတဲ့ စကားပြောခန်းတွေကို screenshots တွေကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:မန္တလေးတိုင်းဝန်ကြီးချုပ်ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောဆိုမှုပေါက်ကြားဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *