တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံက ပုံတွေကို မလေးရှားနဲ့ ထိုင်းနိုင်ငံက ပုံတွေအဖြစ်ဖော်ပြမှု

Coronavirus ကူးစက်ရောဂါ နိုင်ငံတကာ၊ | International မြို့တော်များ

“နိုင်ငံတကာက ကြောက်လန့်နေကြ ချိန် နောက်ဆုံးပုံက အသက်”ဆိုပြီးေတာ့ Myanmar Breaking News ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံတွေကိုဖော်ပြလာပါတယ်။

ဓာတ်ပုံတစ်ခုချင်းစီမှာ နိုင်ငံအမည်ကို စာတမ်းထိုးထားတာတွေ့ရပါတယ်။ 

Fb linkArchive link

အခြားနိုင်ငံက လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာလည်း အခုလို ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။

FB linkArchive link

အချက်အလက်စိစစ်ချက်

၁။ ပထမဆုံးဓာတ်ပုံမှာ Malaysia ဆိုပြီးတော့ ဖော်ပြထားပါတယ်။ 

Google မှာ ပုံပြောင်းရှာနည်းအသုံးပြုပြီးရှာတဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ပုံတွေဖြစ်ပါတယ်။

၂။ ဒုတိယပုံမှာ Thailand ဆိုပြီးတော့ ရေးထားပါတယ်။ 

Google မှာ ပုံပြောင်းရှာနည်းအသုံးပြုပြီးရှာတဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့နေရာဟာ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာရှိတဲ့ အင်္ဂလိပ်လို့ St Mark’s Square လို့လူသိများတဲ့ Piazza San Marco ဆိုတဲ့နေရာဖြစ်ပါတယ်။

၃။ ဒီဓာတ်ပုံတွေရဲ့ စာတမ်းမထိုးခင်မူရင်းပုံတွေကို beiruting.com မှာ မတ် ၁၂ ရက် တင်ထားတာ တွေ့နိုင်ပါတယ်။

သုံးသပ်ချက်

ဖော်ပြထားတဲ့ ပုံတွေဟာ ဓာတ်ပုံထဲက နေရာတွေနဲ့ ဓာတ်ပုံပေါ်ပါစာသားတွေဟာ ကွဲလွဲဖော်ပြထားခြင်းဖြစ်ပါတယ်။

Avatar

Title:တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံက ပုံတွေကို မလေးရှားနဲ့ ထိုင်းနိုင်ငံက ပုံတွေအဖြစ်ဖော်ပြမှု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *