ပိုဗီဒုန်း အိုင်အိုဒင်း(Povidone-Iodine)ဟာ COVID-19 ကို ကုသနိုင်၊ ကာကွယ်နိုင်တယ် ဆိုတဲ့ အထောက်အထားခိုင်ခိုင်မာမာမရှိသေးပါ

Misleading ဆေးဘက်ဆိုင်ရာ၊ | Medical

“Corona virus ကို Betadine နဲ့ ကာကွယ်ပါ”ဆိုပြီးတော့ ကြော်ငြာတစ်ခုကို “Betadine Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

“လေ့လာတွေ့ရှိချက်များအရ Betadine တွင် ပါဝင်သော ပိုဗီဒုန်း အိုင်အိုဒင်း သည် SARS-CoV and MERS-CoV ကဲ့သို့ Corona virus ကို ပိုးသတ်အာနိသင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ယခုဖြစ်ပေါ်နေသော COVID-19 သည် SARS-CoV နှင့် ဇီဝအမျိုးအစား ၇၀% တူကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်”ဆိုပြီး လည်ချောင်းဖျန်းဆေးရည်၊အာလုပ်ကျင်းဆေးရည်နဲ့ လက်ဆေး ဆေးရည်တွေကိုကြော်ငြာထား တာတွေ့ ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တဲ့အထဲမှာ ခံတွင်းသန့်ဆေးရည်တွေလည်း ပါဝင်တာတွေ့ရပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဖိလစ်ပိုင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပါးစပ်သန့်ဆေးရည်တွေက COVID-19 ကိုကာကွယ်နိုင်စွမ်းရှိတယ် ဆိုတဲ့အထောက် အထားမတွေ့ရဘူးလို့ ပြောကြားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

WHO Philippines

ဖိလစ်ပိုင်နိုင်ငံက ဗီတာဒိုင်းကုမ္ပဏီကလည်း ဗီတာဒိုင်းကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်းတွေ ကို ပြောကြားထားရာမှာ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေဖြစ်တဲ့ လက်ကိုမကြာခဏ သေသေချာချာ ဆေးကြောဖို့၊ အိမ်မှာနေဖို့နဲ့ ခပ်ခွာခွာနေထိုင်ဖို့စတဲ့ အကြောင်းအရာတွေကို အဓိက ဖော်ပြထားတာတွေ့ ရပါ တယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

BetadineArchive link

မေလ ၆ ရက်က The Times of India သတင်းဌာနက ရေးသားချက်အရ ပိုဗီဒုန်း အိုင်အိုဒင်း(Povidone-Iodine)ကို အိန္ဒိယကမှာ COVID-19 အတည်ပြုလူနာတွေနဲ့ စမ်းသပ်ခဲ့တာတွေ့ရပြီး အပြုသဘောဆောင်တဲ့ ရလာဒ်ရှိခဲ့တယ်လို့ သုတေသနကို ဉီးဆောင်ခဲ့တဲ့ တွဲဖက်ပါမောက္ခ Dr Sumita Shakar ပြောကြားခဲ့တာ တော့ရှိပါတယ်။ ဒီရလာဒ်ဟာ စမ်းသပ်မှုသာရှိသေးတာလည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Link

အလားတူ clinicaltrials.gov ဝက်ဆိုဒ်အရ အမေရိကန်မှာလည်း ဘီတာဒိုင်းရဲ့ ပံ့ပိုးမှုနဲ့ စတန်းဖို့ဒ်တက္ကသိုလ် ကဉီးဆောင်ပြီး နှာခေါင်းဖြန်းဆေးရည်ကို COVID-19 လူနာတွေနဲ့စမ်းသပ်ဖို့လုပ်နေတာတွေ့ရပြီး လေ့လာဆဲအဆင့်မှာသာရှိသေးပြီး အစောဆုံး ဇူလိုင်လထဲမှာမှ ဒီစမ်းသပ်က ပြီးစီးမှာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Clinicaltrials.govArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေ ပိုဗီဒုန်းအိုင်အိုဒင်း(Povidone-Iodine)ဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ် တစ်ချို့ အပေါ်မှာ ထိရောက်တဲ့ ရလာဒ်ကောင်းတွေရှိထားပြီးဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကုသနိုင် တယ်ဆိုတဲ့အထောက်အထားအတိအကျမရှိသေးဘဲ စမ်းသပ်ဆဲအဆင့်မှာသာရှိသေး တာတွေ့ရပါတယ်။ ဒါကြောင့် “Betadine Myanmar”ကရေးသားတဲ့အချက်အလက်ဟာ လှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။

Avatar

Title:ပိုဗီဒုန်း အိုင်အိုဒင်း(Povidone-Iodine) ဟာ COVID-19 ကို ကုသနိုင်၊ ကာကွယ်နိုင်တဲ့ အထောက် အထားမရှိသေးပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *