ဒီပဲယင်း တွေ့ဆုံပွဲတွင် နားမထောင်ချင်ရင် ထွက်သွားဟု အတိုင်ပင်ခံ မောင်းထုတ်ဆို တဲ့သတင်းမှား

False နိုင်ငံရေး၊ အစိုးရ

စစ်ကိုင်းတိုင်းဒေသကြီးဒီပဲယင်း လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က  နားမထောင်ချင်ရင် ထွက်သွား နိုင်တယ်လို့ မောင်းထုတ်ခဲ့တယ်ဆိုတဲ့သတင်း လူမှုကွန်ယက်မှာ မျှဝေမှုရှိပါတယ်။

အမှာ စကားပြောကြားနေစဉ် ပွဲစီစဉ်သူ များ၏ နေရာချထားမှုကြောင့် လူထု ပရိတ်သတ်တွေအကြားမှာ အငြင်းပွား စရာတွေဖြစ်ပေါ်ခဲ့ပြီး စကားအငြင်းအခုံ ဖြစ်ခဲ့ ကြောင်း ၎င်းကဲ့သို့ဖြစ်နေစဉ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ သူမအနေနဲ့ အခုလို စကားပြေနေချိန်မှာ စည်းကမ်းတကျ နားထောင်စေလိုကြောင်း  ပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကအစ စည်းကမ်းရှိကျ ရန်နှင့် အခု လိုလုပ်ရပ်မျိုးဟာ ရိုင်းပြတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရှေ့နားမှာရှိတဲ့ ကင်းထောက်အဖွဲ့တွေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေအနေဖြင့် လည်း စည်းကမ်းရှိကျဖို့ လိုကြောင်း ကင်းထောက်အဖွဲ့အစည်း က ပိုပြီးစည်းကမ်းရှိရှိ နေထိုင်ကျဘို့နဲ့ သူမ စကားပြောနေ ချိန်မှာ အခုလိုစကားများနေတဲ့သူတွေအနေ နဲ့နားမထောင်ချင်ရင် ထွက်သွား နိုင်တယ်လို့ မောင်းထုတ်ခဲ့တဲ့အတွက် တိုင်းရင်းသား ရိုးရာဝတ်စုံဝတ်ထားတဲ့ လူငယ်အချို့အပါအဝင် ကင်းထောက် အဖွဲ့ဝင်အချို့နဲ့ ပြည်သူအချို့ တွေ့ဆုံပွဲအတွင်းမှထပြန်သွား ခဲ့ကြောင်းသိရသည်လို့ Forward Media Group အမည်နဲ့ စာမျက်နှာမှာ ရေးသားထားပါတယ်။

FB linkArchive link

အချက်အလက်စိစစ်ချက်

၁။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီပဲယင်းဒေသခံတွေနဲ့ တွေ့ဆုံမှုကို အသေးစိတ်ဖော်ပြထားပါတယ်။ ဒီထဲမှာ နားမထောင်ချင်ရင် ထွက်သွားလို့ရတယ်လို့ ပြောခဲ့တဲ့ စကားလုံးမတွေ့ရပါဘူး။

၂။ ပြန်ကြားရေးဝန်ကြီးဌာနဝက်ဆိုဒ်မှာလည်း ဒီလိုစကားလုံးကို ဖော်ပြထားတာမတွေ့ရပါဘူး။

၃။ အခြားသတင်းဌာနတွေက ဖော်ပြတာမျိုးမတွေ့ရပါဘူး။

၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင် မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo ကိုအတည်ပြုပါတယ်။

၅။ Forward Media Group ကို ပုံဖျက်ထားတဲ့ သတင်းအမှားတွေဖြန့်တဲ့ စာမျက်နှာအဖြစ် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတ်မှတ်ထားပါတယ်။

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ ဒီပဲယင်း တွေ့ဆုံပွဲတွင် နားမထောင်ချင်ရင် ထွက်သွားဟု အတိုင်ပင်ခံ မောင်းထုတ်သဖြင့် ပြည်သူအချို့ ထပြန်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:ဒီပဲယင်း တွေ့ဆုံပွဲတွင် နားမထောင်ချင်ရင် ထွက်သွားဟု အတိုင်ပင်ခံ မောင်းထုတ်ဆို တဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *