
ကျန်းမာရေးအခြေအနေဆိုးရွားလာတကြောင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်က ဆေးရုံးတစ်ခုမှာ အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှာတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
Freedom News Group အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။
ဇူလိုင် ၂၈ ရက်ကလည်း “ကြားဖြတ်သတင်း ေ ဒါ် ေ အာင်ဆန်းစုကြည် ေ လဖြတ် သို့ မဟုတ် ေလ ဖြန်း ခြင်း ေရာဂါ ေ ဝဒနာ ခံ စား ေ နရသည် ယခု တိုက်ရိုက် ထုတ်လွှင့် ေ နသည့် ဗီဒီယို တွင် ရှု စား နိုင်ပါသည်”ဆိုပြီးတော့ လည်းမျှဝေခဲ့တာတွေ့ရပြီး ြသဂုတ် ၂ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုသမနိုင်တော့လောက်အောင် အခြေအနေဆိုးရွားနေပြီဆိုပြီးတော့ ထပ်မံတင်ခဲ့တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဉီးဇော်ဌေးရဲ့ ပြောကြား ချက်ကို ကိုးကားပြီး RFA သတင်းဌာနက တင်ဆက်ထားတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကပဲ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး ြသုတ် ၄ ရက်မှာ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ကိုယ်တိုင်လာရောက်တင်သွင်းခဲ့ပါတယ်။ 7day သတင်းဌာနက သတင်းဖော်ပြချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Freedom News Group အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ဒီဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်ဆိုတဲ့ ပို့စ်တွေကို လူအများအပြားဆီရောက်ရှိဖို့အတွက် ဖေ့စ်ဘွတ်မှာ ငွေသုံးပြီး boost လုပ်ခဲ့တာလည်းတွေ့ရပါတယ်။ Freedom News Group ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းသတင်းမှားတွေ ဖြန့်ဝေရာမှာ နာမည်ဆိုးရှိခဲ့ပြီး ယခုလည်း ၂၀၂၀ ရွေးကောက်ပွဲနဲ့အတူ တစ်ကျော့ပြန် သတင်းမှား တွေဖြန့် ဝေလာနေတာတွေ့ရပါတယ်။ ဥပမာအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ “ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ အနေနဲ့ ရွေးကောက် ပွဲ ဝင်မှာ မဟုတ် တော့ ဘူး လို့ သတင်းထုတ် ပြန် မှာ ဖြစ်တာ ကြောင့် NLD ရဲ့ အမတ် လောင်း အဖြစ် လက်ခမောင်းခတ် နေ သူ တွေ ဟာ မူးလဲ သူ မူးလဲ ၊ သွေးတိုး တာ တို့ ၊ သတိမေ့ တာ တို့ ဖြစ်သူ ဖြစ်နဲ့ ဂ ျပန် အဝင် အင်္ဂလိပ် အထွက် လို့ ဝရုန်းသုန်းကား ဖြစ်နေတယ် လို့ အပိုလို သတင်းဌာန က သတင်း ရရှိ ပါတယ်။”လို့ ရေးသားမျှဝေခဲ့ဖူးသလို ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှုကိုလည်း ဒေါ်ကြိုင်ကြိုင်အတည်ပြုချက်မရဘဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ခြေပုန်းခုတ်ခိုး တွေ့ခဲ့တယ်လို့ရေးသားခဲ့တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ Freedom News Group က မျှဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးအခြေအနေဆိုးရွားနေပြီးအထူးကြပ်မက်ဆောင်မှာ ကုသနေရတယ်ဆိုတဲ့ သတင်းကို သတင်းတု သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည် အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှား ဖြန့်ဝေမှုနဲ့ တစ်ကျော့ပြန်လာတဲ့ Freedom News Group
Fact Check By: Nayar MaungResult: False