
တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
“Mg Nge”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ(အများသိအောင်ရှယ်ပေးကြပါဦးနော်)”ဆိုပြီး ြသဂုတ် ၂၆ ရက်က အောက်ပါအတိုင်း မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ သောင်း ၇ ကျော်ရှိခဲ့ပါတယ်။

အချက်အလက်စိစစ်ချက်
သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဒီလို ညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်းမရှိတာတွေ့ရပါတယ်။
Google မှာ “စားသောက်ဆိုင်များ ပိတ်သိမ်းဖို့ ညွှန်ကြား”၊ “စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပိတ်သိမ်း”စတဲ့ အဓိကျကတဲ့ စကားလုံးတွေ အသုံးပြုရှာဖွေရှာလည်း ဒီပို့စ်မှာ ပြောထားသလို သတင်းမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ဆေးဆိုင်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ရောင်းချရန်တာဝန်ရှိသူတွေက လိုက်လံစစ်ဆေး အသိပေးတာ တွေလုပ်ခဲ့တဲ့ သတင်းတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ COVID-19 ပြည်တွင်းကူးစက်မှု မြန်မြန်ဆန်ဆန်ဖြစ်ပွားလာနေတာကို တွေ့ ရှိရပြီးနောက် ြသဂုတ် ၂၄ ရက်က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေပြည်သူသို့ အစီရင်ခံ တင်ပြချက် မိန့်ခွန်းပြောကြားခဲ့တာတွေ့ရပြီး ဒီမိန့်ခွန်းမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာ ပိတ်သိမ်းမယ့် ညွှန်ကြားချက်မျိုး မပြောခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အလားတူ ြသဂုတ် ၂၈ ရက်မှာ အစိုးရက ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဉီးညီပု၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဉီးစီးမှူးဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို သွားရောက်ကူညီနေတဲ့ စေတနာဝန်ထမ်း စောသော်မိုးအယ်တို့နဲ့ အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်သိမ်းမယ့်အစီအစဉ်မျိုး ထည့်သွင်းပြောကြားခဲ့ တာမျိုးမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့် ပိတ်သိမ်းလိုက်ပြီဆိုတဲ့ အချက်ကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Title:တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ ဆိုတဲ့ အချက်အလက်မှား
Fact Check By: Nayar MaungResult: False