Fact Check: အီတလီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဒေါက်တာ ၂ယောက် အချစ်ဇာတ်လမ်းလား-မဟုတ်ပါ

Coronavirus False နိုင်ငံတကာ၊ | International

၂၀၁၉ ဒီဇင်ဘာလလောက်ကတည်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင်း ဖြစ်ပေါ် လျက်ရှိတဲ့ COVID-19  ကပ်ရောဂါဟာ ကမ္ဘာတစ်လွှားမှာ စက်တင်ဘာ၂၆ ရက်နေ့အထိ လူ  ၃၃ သန်းဝန်း ကျင်အထိကူးစက်ပျံ့နှံ့ခဲ့ပြီးဖြစ်ကာ ကူးစက်ခံရသူတွေထဲမှာ လူ  ၉ သိန်း ၉ သောင်းထက်မနည်း သေဆုံးခဲ့ ရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁ သောင်းဝန်းကျင်နဲ့ သေဆုံး ၁၉၈ ဦးရှိပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးကြောင့်ပဲ “မျက်ရည်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “အီတလီနိုင်ငံက ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း  သူတို့ ၂ ဦးလုံးက ဆရာဝန်တွေပါ ချစ်သူက Covid ပိုးကူးစက်ခံထားရလို့ Isolated အထားခံနေရတာကို ကြည့်ပြီး သူပါတစ်ခါတည်း အကူးစက်ခံရင်းနဲ့ အချစ်စစ်အချစ်မှန်ကို ပြသသွားခဲ့တာပါ လောကမှာ ဒီလိုအချစ်မျိုး ရှားလွန်းမယ်ထင်ပါတယ်နော်”ဆိုပြီးတော့ ဗွီဒီယိုတစ်ခုကို “Nay Chi YeYint Aung”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲ သူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ သောင်း ၆ ထောင်ကျော်ရှိပါတယ်။

Fb linkArchive link

တကယ်ပဲ ရင်နင့်စရာမြင်ကွင်းဇာတ်လမ်းတစ်ခုဟာ COVID-19 ကပ်ရောဂါကာလမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် လား၊အီတလီကလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

ပထမဆုံး InVID ဗွီဒီယိုသရုပ်ခွဲဆန်းစစ်မှုဆော့ဖ်ဝဲလ်နဲ့ ဗွီဒီယိုကနေ ဓာတ်ပုံပြောင်းပြီး Google မှာ ရှာဖွေကြည့် ရာမှာ ဒီဗွီဒီယိုဟာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုက ဇာတ်ဝင်ခန်းတစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

စပိန်ဘာသာစကားနဲ့ Triunfo del amor (အင်္ဂလိပ်ဘာသာစကားနဲ့ Triunfo del amor)  အမည်ရ ဒီဇာတ်လမ်း ဟာ “ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဖက်ရှင်ဆိုင်မှာ လုပ်တဲ့ သူဌေးသားတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း”ဆိုပြီးတော့ IMDB က ဇာတ်လမ်းအညွှန်းမှာရေးသား ထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

၁၉၉၈ ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဇာတ်လမ်း “El Privilegio de Amar” မှီငြမ်းပြီး ပြန်လည်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းတွဲကို ၂၀၁၀ အောက်တိုဘာ ၂၅ ရက်မှာ မက္ကဆီကို ရုပ်သံလိုင်းတစ်ခုက စတင်ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲ အကြောင်းရေး သားထားတဲ့ Wikipedia ကဆောင်းပါးကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေ တကယ်တော့ ဒီဗွီဒီယိုဟာ မျှဝေထားသလို COVID-19 နဲ့ပတ်သက်တဲ့ တကယ် အဖြစ်ပျက်လည်းမဟုတ်သလို COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလည်း မဟုတ်ဘဲ ၂၀၁၀ ခုနှစ်ကထုတ်လွှင့်ခဲ့တံ့ နာမည်ကြီး မက္ကဆီကို ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Triunfo del amor ရုပ်သံဇာတ်လမ်းတွဲက အစီအစဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အီတလီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဒေါက်တာ ၂ယောက်ချစ်အဇာတ်လမ်းလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *