အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကနေ ဦးဇော်ထက်အောင်အား ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် မျှဝေနေတဲ့ပို့စ်ကို သတင်းမှားအဖြစ် Fact Crescendo Myanmar က ြသဂုတ် ၁၄ရက်တွင် မှားယွင်းဖော်ပြခဲ့ပါသည်။
အဆိုပါ ပို့စ်ဖော်ပြချက်မှာ မှန်ကန်သည်ကိုတွေ့ရှိရပါသည်။
ပို့စ်တွင်“ဒေါတ်ဇော်ပြိုင်မဲ့ မဲဆန္ဒနယ်မှာ ကြက်ဥသယ်ကို ဝင်ပြိုင်ခိုင်းမဲ့အစ ကား သိန်းထွန်းဦး တို့ နန္ဒာလှမြင့်တို့ သန်းဌေးတို့ လာပြိုင်ကြလေ။ ရှုံးမဲ့နေရာတွေကို ဘာမဟုတ်တဲ့ကောင်တွေနဲ့ထည့်ပြိုင်နေရ အောင် ပြည်ခိုင်းဖြိုး ဟာ ကိုယ်စားလှယ် လောင်းသိပ်ရှားနေပုံပဲ။ နိုင်ငံရေးသိက္ခာ မှာတန်းညှိမပြိုင်နိုင်တဲ့ပြည်ခိုင်ဖြိုးက ကျွန်တော်တို့ အစိုးရ ပြန်ဖြစ်ခဲ့ရင်တဲ့လားးသေခြာတယ် တစညပါတီလို မကြာခင် ပြည်ခိုင်ဖြိုးဟာ ဇာတ်သိမ်းရ တော့မယ်”လို့ ရေးသားထားပြီး “Red Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားပါတယ်။ ထိုနည်းတူစွာပဲ “Kaung Zaw”၊ “Myat Thu”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေ ကလည်းမျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်နှင့်တိုင်းအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီက ြသဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ကြေညာထားတာ တွေ့ရ ပါတယ်။ ထုတ်ပြန်ထားတဲ့ ကိုယ်စားလှယ်လောင်း စာရင်းအရ မန္တလေးတိုင်းတိုင်းဒေကြီး အမရပူရ မဲဆန္ဒနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် ဦးသိန်းထွန်းဦးဟာ ဖြစ်တဲ့အတွက် သတင်းမှားအဖြစ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဦးသိန်းထွန်းဦးဟာ ပြည်သူလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာတွေ့ရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူမြို့နယ် မဲဆန္ဒနယ် ၁ က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါမဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီကိုယ်စားပြုပြီး ဉီးဇော်အောင်ထက်က ဝင်ရောက်ယှဉ်ပြိုင်မည်ကို တွေ့ရပါသည်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်တွေအရ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကနေဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းကို ဦးဇော်ထက် အောင်အဖြစ် မျှဝေနေတဲ့ပို့စ်ကို အမှန်ဖြစ်ပြီး ြသဂုတ် ၁၄ ရက်က Fact Crescendo Myanmar ကဖော်ပြခဲ့သော သတင်းမှားဖော်ပြချက်ကို ပြန်လည်ပြင်ဆင်ဖော်ပြအပ်ပါသည်။
Title:အမှားပြင်ဆင်ချက်- အမရပူရက ယှဉ်ပြိုင်မယ့် USDP ကိုယ်စားလှယ်လောင်း အဖြစ်ဖော်ပြနေတဲ့သတင်း
Fact Check By: Nayar MaungResult: Explainer