ကိုရိုနာ ဗိုင်းရပ်စ်ကို အောင်နိုင်သွားသည့် တိုင်းရင်းဆေးပင်ဆိုတဲ့ သတင်းမှား

Coronavirus False ကူးစက်ရောဂါ ကျန်းမာရေး၊ | Health လူမှုရေး

“ဒီနေ့ မတ်လ ၁၆ရက် (၂၀၂၀)မှာ ထိုင်းနိုင်ငံ ကူးဆက်ရောဂါပိုး တိုက်ဖျက်ရေးအဖွဲ့က ကိုဗစ်ရောဂါပိုးတွေကို သေ​ေစနိုင် ကာကွယ်နိုင်တဲ့ ဖါထလိုင်ကျွန်  ​ေဆးဖက်၀င် ฟ้าทะลายโจร  အပင်ဟာ  ထိုင်းပြည်သူအတွက် အသင့်တော်ဆုံး ရောဂါပိုးတိုက်ဖျက်နိုင်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဆေးခါးကြီးပင်အခေါ် Green chiretta (穿心莲) ကို ငရုတ်ခါး၊ကရင်ဆေးခါးဟု အရပ်ဒေသကိုလိုက်ပြီး  ခေါ် ကြပြီး ရုက္ခဗေဒအမည်မှာ A n d r o g r a p h i s P a n i c u l a t a N e e s ဖြစ်ပြီး လယ်ပဒူမျိုးရင်းဖြစ်ကြောင်း သိရတယ်၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ တပေါင်းတခူး လတွေဆို ပန်းပွင့်ပြီး အလေ့ကျပေါက်ပင် တစ်မျိုးဖြစ်တယ်၊ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စဖြစ်တဲ့ ကိုရိုနာ ကိုဗစ်-၁၉ (covid-19) ရောဂါကို ကုသပျောက်ကင်းသွားနိုင်ခဲ့တာဟာ ဒီဆေးခါးပင်ရဲ့ အကျိုးတွေ အများဆုံး ပါ၀င်တယ်လို့ သိရပါတယ်”ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပြန်လည်မျှဝေတာ တွေ့ရပါတယ်။

စွယ်စုံအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။

Fb linkArchive link

အောင်ဇော်မြင့် ဆိုတဲ့အကောင့်က မှုခင်းနှင့်အထူးသတင်းများဆိုတဲ့ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

အခြာဖေ့စ်ဘွတ်စာမျက်နှာနဲ့ mmtimenews အမည်နဲ့ ဝက်ဆိုဒ်သတင်းဖော်ပြချက်မှာလည်းတွေ့ရပါတယ်။

Fb linkArchive link
linkArchive link

အချက်အလက်စိစစ်ချက်

၁။ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနရဲ့ တရားဝင်ဝက်ဆိုဒ်ကို Google Translate အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ မတ် ၁၆ ရက်က  ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမတွေ့ရပါဘူး။ မတ် ၁၅ ရက်မှာတော့ အရက်သောက်ပြီးမမောင်းဖို့နဲ့ မတ် ၁၇ မှာတော့ ရာသီဥတုပူပြင်းလာတာကြောင့် အစားအသောက်အဆိပ် အတောက်ဖြစ်တတ်တာကို သတိပေးချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။

၂။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ပြောကြားထားပါတယ်။ သီရိလင်္ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေးမြှင့်တင်မှုနှင့် ဆက်ဆံရေးအရာရှိ Sahani Chandraratna ကအနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးလို့ သီရိလင်္ကာ Fact Crescendo ကို ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ပဋိဇီဝဆေးသောက်တာအပါအဝင်  ကိုယ့်ဘာသာကုသတာကို အားမပေးဘူးလို့လည်း Sahani Chandraratna ကပြောပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွားမယ်လို့ ပြောကြားပါတယ်။

၃။Google မှာ “green chiretta thailand department of disease control”လို့ ရိုက်ရှာကြည့်ရာမှာ သတင်းဌာနတွေ အခုလို ဖော်ပြထားတာမတွေ့ရပါဘူး။ ဒီလိုမျိုး သိပ္ပံနည်းကျအတည်ပြုထားခြင်းမရှိတဲ့ ဆေးခါးကြီးက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင် တယ်ဆိုတဲ့ သတင်းတွေ ထိုင်းနိုင်ငံထဲက အွန်လိုင်းမှာပျံ့နှံ့ခဲ့တယ်ဆိုတဲ့ AFP ကအချက်အလက်စိစစ်ချက်ကိုတွေရပါတယ်။

၄။ AFP ရဲ့ အချက်အလက်စိစစ်ချက်မှာ ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနက တာဝန်ရှိသူက မြန်မာလိုဆေးခါးကြီး အင်္ဂလိပ်လို green chiretta ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတာ သက်သေအထောက်အထားမရှိဘူးလို့ ပြောကြားထားပါတယ်။

link

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ  ဖါထလိုင်ကျွန် ​ေဆးဖက်၀င် ฟ้าทะลายโจร  အပင်ခေါ် ဆေးခါးကြီးပင် ခေါ် green chiretta  ဟာ ထိုင်းပြည်သူအတွက် အသင့်တော်ဆုံးလို့ ထုတ်ပြန်ထားတာမတွေ့ရဘဲ ဒီလိုမျိုးသတင်းတွေပျံ့နှံ့နေခဲ့တာပဲရှိပါတယ်။

Avatar

Title:ကိုရိုနာ ဗိုင်းရပ်စ်ကို အောင်နိုင်သွားသည့် တိုင်းရင်းဆေးပင်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *