
လက်ဖက်ရည်ကြမ်းက covid-19 ရဲ့ လက္ခဏာတွေကို ပျောက်ကင်း စေတယ်ဆို၊ ကုသနိုင်တယ်ဆိုတဲ့ စာသား တွေ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ မျှဝေလာတာတွေ့ရပါတယ်။
အမေရိကန်အခြေစိုက်သတင်းဌာနဖြစ်တဲ့ CNN ကို သတင်းရင်းမြစ်အဖြစ်ဖော်ပြထားတဲ့ အောက်ပါစာသားက တော့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ဓာတ်ပုံအနေနဲ့ ပို့လာတဲ့ စာပဲဖြစ်ပါတယ်။ဒီစာသားတွေကို “ထီလာရွှေပြည် သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မျှဝေထား တာတွေ့ ရပါတယ်။
လက်ဖက်ရည်ကြမ်းဟာ တကယ်ပဲ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ပါသလား။ အချက်အလက် စိစစ်ကြည့်ရ အောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ “cnn green tea covid-19”ဆိုတဲ့ စကားလုံးတွေကိုရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။
ဧပြီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားတာတွေ့ရပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလို လူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။
ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။
အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေး မီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြားထားပါတယ်။
methylxanthine၊ theobromine နဲ့ theophylline လက်ဖက်ခြောက်ထဲမှာပါဝင်တဲ့ ပစ္စည်းတွေဖြစ်ပြီး လူကို တက်ကြွစေတဲ့ ဒြပ်ပေါင်းဖြစ်ပြီး အတန်အသင့်ဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်ပေမဲ့ များလွန်းရင် ဆိုးကျိုးတွေရှိတယ်လို့ အမေရိကန်နိုင်ငံ အမျိုးသား ဇီဝနည်းပညာသတင်းအချက်အလက်ဌာနက ဖော်ပြထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
လက်ဖက်ရည်ကြမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်၊ကာကွယ်နိုင်တဲ့စာသားတွေကို နိုင်ငံတကာမှာလည်း မတ်လထဲမှာကလည်း ပျံ့နှံ့နေခဲ့တာတွေ့ရပြီး ခိုင်မာတဲ့အထောက်အထားမရှိတဲ့အတွက် သတင်းမှား သာဖြစ်ကြောင်း AFP သတင်းဌာနနဲ့အခြားသောသတင်းဌာနတွေက အချက်အလက်စိစစ်ထားတာ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသက်ချက်
အထက်ပါ အချက်အလက်စိစစ်ချက်တွေအရ လက်ဖက်ရည်ကြမ်းကဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်တယ်ဆိုတဲ့ အထောက်အထားတွေရှိပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်၊ covid-19 ရဲ့ လက္ခဏာတွေကို ပျောက်ကင်း စေတယ်ဆိုတဲ့အထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရတဲ့အတွက် သတင်းမှားဖြစ်ပါတယ်။

Title:လက်ဖက်ရည်ကြမ်းက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False