
ရန်ကုန်တိုင်းရဲ့ Stay Homeသတ်မှတ်ကာလအတွင်း မြိုနယ်ကျော်သွားလာဖို့ QR Passလိုအပ်ပြီး QR Passမလိုအပ်ပဲ မြို့နယ်ကျော်သွားလာလုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတချိုမှာ အမျိုးမျိုးဖြန့်ဝေနေကြတာတွေ့ရပါတယ်။
ဒိလိုဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ “QR Pass မလိုပဲ လွတ်လပ်စွာသွားလာနိုင်သူများ ထုတ်ပြန်”လို့ အညွှန်းတပ်ထားပြီး QR Passမလိုတဲ့လုပ်ငန်းတွေအဖြစ် (၁)ဘဏ်လုပ်ငန်း၊ (၂)စက်သုံးဆီအရောင်ဆိုင်များ၊ (၃)Shopping Mall၊ (၄)Covid အထူးတာဝန်ဖြင့် တာဝန်ချခံရသည့် ဝန်ထမ်းများ၊ (၅)ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးတာဝန် ထမ်းဆောင်နေသူများ၊ (၆)သတင်းတိုက်များ၊ (၇)နိုင်ငံခြးသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ပေးအပ်ထားသူများ၊ (၈) သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုဗဟိုဌာနမှတာဝန်ရှိသူများလို့ ဖော်ပြထားကာ ဒီလုပ်ငန်းက ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းကဒ်နဲ့သွားလာနိုင်ကြောင်း ရေးသားထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
အထက်ပါပို့စ်မှာဖော်ပြထားတဲ့ ခွင့်ပြုလုပ်ငန်းအမျိုးအစား ၈မျိုးဖြစ်နေပြီး QR Pass ထုတ်ပေးနေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်၊ စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ကြေငြာချက်မှာ QR Passမလိုတဲ့ ခွင့်ပြုလုပ်ငန်းမှာတော့ လုပ်ငန်းအမျိုးအစား ၅မျိုးသာ ခွင့်ပြုထားတာ တွေ့ရပါတယ်။
UMFCCIရဲ့ကြေငြာချက်ပါလုပ်ငန်းတွေကတော့ (၁)ဘဏ်လုပ်ငန်း၊ (၂)ပုဂ္ဂလိကဆေးရုံများ၊ (၃)Supermarketများ၊ (၄)စက်သုံးဆီအရောင်းဆိုင်များနဲ့ (၅)သီလဝါအထူးစီးပွားဇုန်ရှိလုပ်ငန်းများလို့ ဖော်ပြထားပြီး Covid အထူးတာဝန်ဖြင့် တာဝန်ချခံရသည့် ဝန်ထမ်းများ၊ သတင်းတိုက်များ၊ နိုင်ငံခြးသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ပေးအပ်ထားသူများဆိုတဲ့ လုပ်ငန်းအမျိုးအစား ၃မျိုး မပါဝင်တာတွေ့ရပါတယ်။
ဒါ့အပြင် အထက်ပါပို့စ်ရဲ့ ဒုတိယမြောက်စာပိုဒ်နဲ့ UMFCCIကြောငြာချက်ပါ ဒုတိယမြောက်စာပိုဒ်မှာ စာသားနဲ့အဓိပ္ပာယ်တချို့ကွဲလွဲနေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ကြည့်ရှူနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်တွေအရ ရန်ကုန်တိုင်းအတွင်းသွားလာဖို့ QR Passမလိုတဲ့ လုပ်ငန်းအမျိုးအစားမှာ ၅မျိုးသားရှိပြီး လုပ်ငန်းအမျိုးအစား ၈မျိုးပါရှိတဲ့ ကြေငြာချက်မှာ မှားယွင်းတဲ့ ဖော်ပြချက်သာဖြစ်ပါတယ်။

Title:ရန်ကုန်တိုင်းအတွင်းသွားလာဖို့ QR Passမလိုတဲ့ လုပ်ငန်းစာရင်းအမှားထွက်ပေါ်
Fact Check By: Nayar MaungResult: False