Fact Check: နိုင်ဂျီရီးယားက စစ်ကားတွေကို မြန်မာနိုင်ငံက အဖြစ်အပျက် သဖွယ်မျှဝေနေ

False နိုင်ငံတကာ၊ | International

မြို့ပြတစ်ခုရဲ့ လက်မထက်မှာ ပြောက်ကြားစိမ်းရောင်စစ်ကားတွေနဲ့ ဓာတ်ပုံတွေကို စက်နိုးစက်ကိရိယာတွေ ပုံမှန်အလုပ် လုပ်မလုပ်စမ်းသပ်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “အအေးပါတ် နေသော စက် များအား ပုံမှန် စက်နိုး စက်ကရိယာ များ ပုံမှန် အလုပ် လုပ်စေခြင်းငှါစမ်းသပ် ခြင်းဖြစ်ပါသည် ပြည်သူများ အထိတ်တလှန့်မဖြစ် ကြပါရန် ကြားမှ ဆားသည်ကြီး မှ နိူးဆော်အပ်ပါသည်ခင်ဗျ”(မူရင်းရေးသားချက်အတိုင်း)လို့ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ  လူမှုကွန်ယက်အသုံးပြုသူ အချို့က အခြားနိုင်ငံတစ်ခုခုက နားလည်ကြပေမဲ့ ဘယ်မှာလဲ၊ ဘယ်နေ့ကလည်း စသည်ဖြင့်မေးမြန်းနေကြတာတွေ့ရပါတယ်။

အခုလို ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေဟာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျီရီးယားနိုင်ငံ အွန်ဒို(Ondo)ပြည်နယ် မှာ မြို့တော်ဝန်ရွေးကောက်ပွဲအကြို အင်အားပြလှည့်လည်မှုဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတိပေးချက်တွေအပြီး လူထုက စိုးရိမ်မှုရှိနေတာတွေ့ရပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ လူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ တူညီစွာမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

လူမှုကွန်ယက်မှာ မျှဝေလျက်ရှိတဲ့ပုံ ဒီစစ်ကားပုံတွေကို ရှာကြည့်ရာမှာ နိုင်ငံဂျီရီးယား အခြေစိုက်သတင်း ဌာနတွေမှာ ပြီးခဲ့တဲ့လက(အောက်တိုဘာ ၉ ရက်)ကဖော်ပြထားထား အများအပြားတွေ့ရပါတယ်။  

“သတင်းဓာတ်ပုံ- စနေနေ့ မြို့တော်ဝန်ရွေးကောက်ပွဲအကြို အွန်ဒိုပြည်နယ်တွင် ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားပြသ”လို့ Saharareporters ဝက်ဘ်ဆိုဒ်မှာ မျှဝေထား တာတွေ့ရပါတယ်။ အွန်ဒိုပြည်နယ်ဟာ နိုင်ငံဂျီရီးယားနိုင်ငံပြည်နယ်တစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Saharareporters  |  Archive link

လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ saharapreporters ကပုံတွေကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင် ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ နိုင်ငံဂျီရီးယားနိုင် အွန်ဒိုပြည်နယ်ကရွေးကောက်ပွဲအကြို ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့ဝင်များ အင်အားပြသပုံကို မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:နိုင်ဂျီရီးယားက စစ်ကားတွေကို မြန်မာနိုင်ငံက အဖြစ်အပျက် သဖွယ်မျှဝေနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *