COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်က ကြောက်စရာမလိုဘူးဆိုတာ မှန်သလား

False လူမှုရေး

D614G ကိုဗစ် သန္ဓေပြောင်းပိုးဟာ ကူးစက်တာမြန်ပေမဲ့ ကြောက်စရာမလိုဘူးဆိုတဲ့ ရေးသားချက်က လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။

ဒီပို့စ်ကို “Kyaw Kyaw Sai”အမည်နဲ့ဖေစ့်ဘွတ်အသုံးပြုသူကနေ ြသဂုတ် ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး ဒီနေရာဒီနေရာတွေက ပြန်လည်မျှဝေခဲ့ကြရာမှာ လူမှုကွန်ယက်အသုံးပြုသူထောင်ချီပြီး ပြန်လည် မျှဝေခဲ့ကြတာ တွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

 Kyaw Kyaw Sai အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီလိုရေးသားရာမှာ Channel News Asia သတင်းဌာနက ြသဂုတ် ၁၈ ရက်ကရေးသားခဲ့သော “Infectious COVID-19 mutation may be ‘a good thing’, says Paul Tambyah”သတင်းကို ကိုးကားရေးသားထားတာတွေ့ရပါတယ်။

Google မှာ “Infectious COVID-19 mutation may be ‘a good thing’”ဆိုတဲ့စကားလုံးနဲ့ ရှာဖွေကြည့်မယ် ဆိုရင် အလားတူသတင်းများစွာကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့နိုင်ပါတယ်။

ဒီသတင်းမှာ စင်ကာပူအမျိုးသားတက္ကသိုလ်က အကြီးတန်းအကြံပေး Paul Tambyah ရဲ့ပြောကြားချက်ကို ကိုးကားရေးသားထားတွေ့ရပြီး ဗီဇပြောင်းဗိုင်းရပ်စ်ဟာ ကူးစက်မှုမြန်ဆန်ပေမဲ့ ရောဂါလက္ခဏာကလည်း ပိုမိုပျော့ပြောင်းလာသလို သေဆုံးနှုန်းကျလာတာ တွေ့ရတယ်လို့ ရေးသားထားတာတွေ့ရပြီး ဒီဗိုင်းရပ်စ် ဗီဇပြောင်းလဲမှုကို ဖေဖော်ဝါရီလလောက်ကတည်း သတိပြုမိကြတယ်လို့လည်း ရေးသားထားပါတယ်။

သို့သော်လည်း ဒီလို ဗိုင်းရပ်စ်ဗီဇအသစ်ဟာ ရောဂါလက္ခဏာမှာ ပိုမိုပျော့ပြောင်းလာပြီး ကူးစက်ခံရမှန်း မသိရှိတဲ့ အတွက် ထိန်းချုပ်ရန်ခက်ခဲတယ်ဆိုတဲ့အချက်ကိုလည်း ဒီသတင်းမှာရေးသားထားတာတွေ့ရပါတယ်။ 

သတင်းမှာ ဖေဖော်ဝါရီလောက်ကတည်းက သတိပြုမိကြတယ်ဆိုထားတာတွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်တဲ့ ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းစာရင်းဇယားအရ  COVID-19 ကြောင့် သေဆုံးရမှုဟာ မတ်လနောက်ပိုင်းမှာ ဆက်တိုက်မြင့်တက်နေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

WHO

ဒီလိုယူဆချက်နဲ့ပတ်သက်ပြီး ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ပြန်လည်ရှင်းလင်း ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူများအနက် ရောဂါ ပြင်းထန်စွာ ခံစားရသူများသည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုများခံယူရကာ အသက် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူများတွင် နောက်ဆက်တွဲရေရှည်ဆိုးကျိုးတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ covid-19 ဗီဇပြောင်းဖြစ်တဲ့  D614G ဟာ ရောဂါလက္ခဏာမှာ ပိုမိုပျော့ ပျောင်းတာကြောင့် ကြောက်စရာမလိုဘူးဆိုတဲ့ အချက်ဟာ ယူဆချက်တစ်သာဖြစ်ပြီး အများပြည်သူအတွက် နားလည်မှုလွဲမှာစေနိုင်တဲ့ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်က ကြောက်စရာမလိုဘူးဆိုတာ မှန်သလား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *