Fact Check: တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့ မုံရွာအောင်ရှင်မပြောခဲ့ပါ

False နိုင်ငံရေး | Politics

တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့  မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီးတော့ ပြန်လည်မျှ ဝေထားတွေ့ရပါတယ်။

သတင်းစာတစ်ခုရဲ့ အပိုင်းအစလို့ယူဆရတဲ့ ဓာတ်ပုံပို့စ်ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ရဲ့ ဓာတ်ပုံနှင့်တကွ မဲစာရင်းအမှားတွေ တင်နေတဲ့ တပ်မတော်သတင်း မှန်ပြန်ကြားရေးစာမျက်နှာကို ပိတ်သိမ်းဖို့ Facebook ကုမ္ပဏီကို ပြောပြီးလို့ ရေးသားထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အခုလို ပျံ့နှံ့ လျက်ရှိတဲ့အကြောင်းအရာနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။

“တပ်မတော်သတင်းပြန်ကြားရေးကိစ္စလား။ ဒါတွေက တကယ်ကို ယုတ်မာတဲ့ ကိစ္စတွေဗျ။ သူတို့ အဲဒီတင် တဲ့ပို့စ်ကို ကြည့်။ ဘယ်သတင်းစာမှန်းလဲမသိဘူး။ တခါထဲ ပုံမှားရိုက်လုပ်ထားတာ။ ဟိုနေ့ကလည်း ဉီးဝင်းထိန်ကို အဲဒီပုံစံမျိုးလေးလုပ်ထားတာတွေ့ရပါတယ်။ အဲဒါတမင်လုပ်ကြတာပါ။ တနည်းအားဖြင့်ပြော မယ်ဆိုရင် ကျွန်တော်ဖြေရှင်းချင်တာကတော့ ကျွန်တော်နဲ့ ဘယ်သတင်းဌာနနဲ့ သတင်းထောက်နဲ့မှလည်း အဲဒီကိစ္စကို မပြောဖြစ်ဘူး။ မေးလည်းမမေးဘူး။ နောက်တစ်ချက် ဒီဟာတွေက ပြောရရင်တော့ NLD နဲ့တပ်မတော်နဲ့ကြားမှာ ပိုပြီးတော့ အမုန်းတရားကြီးအောင်လုပ်တယ်။ ရန်တိုက်ပေးတယ်လို့ပဲ မြင်ပါတယ်”

ဇန်နဝါရီ ၁၉ ရက်ကလည်း မဲမသမာမှုတွေ ရှင်းပြီးမှသာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကပြောတယ်ဆိုပြီး သတင်းစာတစ်စောင်ကို ပြောကြားဟန်နဲ့ အလားတူ သတင်းတု ဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာလေ့လာ နိုင်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့ လုပ်နေတယ်လို့ မုံရွာအောင်ရှင်ကပြောတယ်ဆိုပြီး ရေးသားမျှဝေနေတာဟာ သတင်းတုပြုလုပ်ဖြန့်ချိထားခြင်းဖြစ်တာတွေ့ရပါ တယ်။

Avatar

Title:တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့ မုံရွာအောင်ရှင်မပြောခဲ့ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *