Fact Check: ဆန္ဒပြတာမအောင်မြင်ဘဲ အသေခံမယ့်သူတွေလိုအပ်လို့ NLD ထုတ်ပြန်ဆိုတဲ့ ရုံးစာအတု

False နိုင်ငံရေး | Politics

၂၂.၂.၂၀၂၁(၂ ငါးလုံး)အထွေထွေသပိတ်မအောင်မြင်လို့ နောက်ထပ် အသေခံမယ်လုပ်မယ့်သူတွေ ဆက်သွယ် ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ထုတ်ပြန်ချက်အဖြစ် ဖေ့စ်ဘွတ်မှာ မျှဝေနေတာ တွေ့ရပါတယ်။  သို့သော်လည်း ဒီစာဟာ အတုပြုလုပ်ထားခြင်းဖြစ်ပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ၂၂.၂.၂၀၂၁ မှာ အထွေထွေသပိတ်ပေါ်ပေါက်လာမယ်လို့ မျှော်မှန်းခဲ့ပေမဲ့ လူထုအားလုံးမပါဝင်ခဲ့လို့ မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် အသေခံရဲသူများနဲ့ ဆက်လက်တိုက်ပွဲဝင် မှာဖြစ်တဲ့အတွက် ၂၇.၂.၂၀၂၁ နောက်ဆုံးထားစာရင်းပေးကြဖို့ စသည်ဖြင့် ရေးသားထားပါတယ်။ 

ဖေ့စ်ဘွတ်မှာ ပျံ့နှံခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

အချက်အလက်စိစစ်ချက်

အခုလိုထုတ်ပြန်ချက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ National League For Democracy မှာမတွေ့ရပါဘူး။

ဒီစာဟာအတုဖြစ်ကြောင်း NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်တိုးက လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် တုန့်ပြန်ထားပါတယ်။

မူရင်းလင်ခ့် – Kyi ToeArchive link

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ်စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝှမ်းမှာ ဆန့် ကျင်ဆန္ဒပြခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်

ဆန္ဒပြတာ မအောင်မြင်လို့ အသေခံဆန့်ကျင်မှုတွေလုပ်ဖို့ NLD က ထုတ်ပြန်သယောင် ရုံးစာအတုပြုလုပ်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဆန္ဒပြတာမအောင်မြင်ဘဲ အသေခံမယ့်သူတွေလိုအပ်လို့ NLD ထုတ်ပြန်ဆိုတဲ့ ရုံးစာအတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *