Fact Check: မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

မထောက်ခံတဲ့သူတွေအားလုံးကို ဒလံလို့စွပ်စွဲပြီး သတ်ဖြတ်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီလက လက်မှတ်ရေးထိုးထုတ်ပြန်ချက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက် ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။

အချက်သုံးချက်ပါဝင်တဲ့ ဒီစာမှာ NUG ကိုမထောက်ခံတဲ့သူတွေကို ဒလံအဖြစ်သတ်မှတ်ခြေမှုန်းရန်၊ NUG ကလွဲပြီးအခြားပါတီအဖွဲ့အစည်းကိုထောက်ခံခြင်းမပြုဖို့နဲ့ ဒီလမ်းညွှန်ချက်တွေကို မလိုက်နာရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ဆိုပြီးပါဝင်ပါတယ်။

ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ 

“အတုလား! အစစ်လား! မသိပါ၊ 

အကယ်၍သာ အစစ်ဖြစ်ခဲ့မည်ဆိုပါက

ပြည်သူများအနေဖြင့် ဘယ်နေ၍ ဘယ်ထိုင်

ရမယ်ဆိုသည်ကို မတွေးဝံ့တော့ပါ။

KoThetKa(30,7,2022 )” ရေးသားပြီး “Nan Thin Thin Wai” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဒီဂျစ်တယ်နည်းလမ်းနဲ့ ဓာတ်ပုံပြုပြင်နည်းပြုလုပ်ဖူးသူ မည်သူမဆို ဒီထုတ်ပြန်ချက်ဟာ အတုအပပြုလုပ်ထား အလွယ်တကူသိနိုင်ပါတယ်။ သို့သော်လည်း Fact Crescendo Myanmar အနေနဲ့ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) နဲ့ယာယီသမ္မတ ဒူဝါလရှီလရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေကို ဝင်ရောက်ရှာဖွေကြည့်ရာမှာ ဒီထုတ်ပြန်ချက်ကို ဝင်ရောက်ရှာဖွေကြည့်ရာမှာ မတွေ့ ရပါဘူး။ ထို့အပြင် မူလထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲချက်ကို Fact Crescendo Myanmar အနေနဲ့ သတိပြုမိခဲ့ပါတယ်။ သမ္မတ ဒူဝါလရှီလဟာ သူ့ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ချက်အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်က နောက်ဆုံးထုတ်ပြန်တာတွေ့ရပြီး “အမိန့်ကြေညာစာအမှတ်- ၁၂ /၂၀၂၂”အရ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း ဆိုတာပါ။  ဒီထုတ်ပြန်ချက်ထဲမှာ သမ္မတ ဒူဝါလရှီလဟာ သူ့လက်မှတ်ရဲ့အောက်မှာ လက်ရေးမူနဲ့ နေ့စွဲကို အသုံးပြုလေ့ရှိပါတယ်။ ဒီထုတ်ပြန်ချက်မှာလည်းကြည့်ပါ။ 

မူရင်းလင်ခ့် – Acting President Duwa Lashi LaArchive link  

အခုအတုအယောင်ဖြန့်ချိနေတဲ့ စာမှာ နေ့စွဲမပါဝင်ပါဘူး။ ထုတ်ပြန်ချက်တစ်ခုထဲမှာတင် စကားလုံးအရွယ် အစားတွေနဲ့ ပုံစံကလည်း မတူညီတာတွေ့ရပါတယ်။ ထုတ်ပြန်ချက်အတုနဲ့ သမ္မတဒူဝါလရှီးလရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ထုတ်ပြန်ချက်ကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

သမ္မတဒူဝါလရှီလရဲ့လက်မှတ်ရေးထိုးထုတ်ပြန်ချက်တစ်ခုကို အသုံးပြုပြီး ထုတ်ပြန်ချက်အတုအပပြု လုပ်ဖြန့် ချိနေခြင်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်အတုမှာပါတဲ့ စကားလုံးပုံစံနဲ့ အသုံးပြုထားတဲ့ လက်မှတ်ဟာ မူလ ထုတ်ပြန်ချက်တွေနဲ့ကွဲလွဲချက်တစ်ချို့တွေ့ရပါတယ်။

Avatar

Title:Fact Check: မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *