Fact Check: DKBAတပ်ဖွဲ့ဝင်တွေက NLD ပါတီကို ထောက်ခံတယ်ဆိုတဲ့ ဓာတ်ပုံအမှား

Altered နိုင်ငံရေး | Politics

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBAတပ်ဖွဲ့ဝင်တွေက ထောက်ခံကြောင်းပြသတယ်ဆိုတဲ့ ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒီပို့စ်မှာ “ပြည်သူ့စစ်သားက သူပုန်ဖြစ် သူပုန်က ပြည်သူ့စစ်သားဖြစ်မတတ္နိူင္ဘူး…..ရင္ထဲက ခ်စ္တာကို😍😘 NLD ကို အားပေးထောက်ခံကြောင်း DKBA ဒီမိုကရေစီ အကျိုးပြု့ ကရင်တပ်မတော် စစ်သည်တော်များ ❤ဖော်ပြသ….. Crd”(မူရင်းအရေးသားတိုင်း)လို့ ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ပါတယ်။

မူရင်းလင့်ခ် –  FB Link |  Archive Link

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာအသုံးပြုထားတဲ့ပုံကို သေချာဂရုတစိုက်ကြည့်မယ်ဆိုရင် ပုံထဲကစစ်သားတွေရဲ့ ယူနီဖောင်းတတ်စုံက DKBAတပ်ဖွဲဝင်တွေရဲ့ ယူနီဖောင်းချင်းမတူတာကို သတိပြုမှာဖြစ်ပြီး ဒီပုံကလည်း Photoshopနည်းပညာနဲ့ ပြုပြင်ထားတာကို သိပြုမိမှာပါ။

ဒီပုံကို Googleမှာ ပုံရှာနည်းနဲ့ ရှာကြည့်မယ်ဆိုရင် Zhejiang ခရိုင်၊ Wenzhou ဒေသမှာ၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က Reuteresသတင်းဌာနက ရိုက်ကူးခဲ့တဲ့ပုံဖြစ်တာကိုတွေ့ရပါတယ်။၂၀၁၀ ခုနှစ်  တရုတ်နှစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ တရုတ်ပြည်သူ့စစ်တွေက အသည်းနှလုံးပုံ ပုံဖော်ထားဟန်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ တရုတ်နှစ်ကူးဟာ ချစ်သူများနေ့(ဖေဖော်ဝါရီ ၁၄)မှာ ကျရောက်ခဲ့ပါတယ်။ မူရင်းပုံနဲ့ သတင်းကို အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

မူရင်းလင့်ခ် –   Reuters  |  Archive Link 

DKBAတပ်ဖွဲ့ဝင်တွေက NLD ပါတီကို ထောက်ခံပုံလို့ ပြောတဲ့ပုံနဲ့ ၂၀၁၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ တရုတ်နှစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ တရုတ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်တွေအရ DKBAတပ်ဖွဲ့ဝင်တွေက NLD ပါတီကို ထောက်ခံတယ်ဆိုတဲ့ ဓာတ်ပုံဟာ Photoshopနဲ့ ပြုပြင်ထားပြီး မှားယွင်းတဲ့ဖော်ပြချက်တာဖြစ်ကို တွေ့ရပါတယ်။

Avatar

Title:DKBAတပ်ဖွဲ့ဝင်တွေက NLD ပါတီကို ထောက်ခံတယ်ဆိုတဲ့ ဓာတ်ပုံအမှား

Fact Check By: Lynn Yu 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *