
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ကာဘိုးရွာက ပြည်ခိုင်ဖြိုးပါတီနဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူရဲ့ နောက်ဆုံးခရီးလို့ရေးသားပြီး NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ အခမ်းအနားဓာတ်ပုံတစ်ခုကို လူမှုကွန်ယက်မှာမျှဝေလျက်ရှိတာတွေ့ရပါတယ်။
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံနှင့်အတူ ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာက ဆုံးပါးသွားခဲ့ရတဲ့ သူတစ်ဉီးရဲ့ နောက်ဆုံးခရီးလို့ ရေးသားထားတာတွေ့ရပြီး အသုဘထမ်းစင်နှင့် ခေါင်းမှာ ပတ်တီးစည်းနဲ့ ဆေးသွင်းနေရသူ တစ်ဉီးရဲ့ ပုံပါဝင်ပါတယ်။
ကာဘိုးရွာက အသုဘအခမ်းအနား အဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ အောက်တိုဘာ ၇ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ကာဘိုးရွာက ဝိုင်းဝန်းရိုက်နှက်ခံရတဲ့သူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေနဲ့ အတူ “#RIP ပါညီလေးရေ…မင်းဟာ ဒီမိုကရေစီအတွက် သမိုင်းဝင်ရဲဘော်တစ်ယောက်ပါ။ အလေးပြုပါတယ်။ ကြံ့ခိုင်ရေးလူသတ်ပါတီရဲ့ လက်ချက်ကြောင့် ဆုံးပါသွားရတဲ့ ကာဘိုးရွာကညီလေးရဲ့ နောက်ဆုံးခရီး လူသတ်ပါတီအလိုမရှိလို့မန့်ပေးကြပါ။”လို့ ရေးသားပြီး အောက်တိုဘာ ၂၅ ရက်က အောက်ပါ အတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း အလားတူဓာတ်ပုံကို မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုလို ကာဘိုးရွာက ရွေးကောက်ပွဲစည်းရုံးစဉ်မှာ အရိုက်ခံရလို့ သေဆုံးခဲ့ရသူရဲ့ နာရေးအဖြစ် မျှဝေနေတဲ့ ဒီဓာတ်ပုံဟာ အောက်တိုဘာ ပထမပတ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှာ ပြည်ခိုင်ဖြိုးမဲဆွယ်ယာဉ်တန်းနဲ့ ပဋိပက္ခ အတွင်းမှာ ဝိုင်းဝန်းရိုက်နှက်ခံရသူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်သွားခဲ့တာတွေ့ရပါတယ်။

မူရင်းလင့်ခ် – Fb link | Archive link
အောက်တိုဘာ ၂၂ ရက်က ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးရေးယာဉ်တန်းဖြင့် ဝန်းရံသူများနှင့် ဒေသခံများအကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ နေအိမ်၊ ဆိုင်ကယ်နဲ့ စစ်ဆေးရေးဂိတ်မှ ပစ္စည်းများဖျက်ဆီးခံရပြီး NLD အင်္ကျီဝတ် ဆင်ထားသူ လူဦးတစ်သေဆုံးခဲ့ရတဲ့ သတင်းကို ဒီနေရာနဲ့ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“ဘဲဥပုပ် -SML”မျှဝေထားတဲ့ အောက်တိုဘာ ၂၅ ရက်က ပုံ(ဘယ်)နဲ့ အောက်တိုဘာ ၇ ရက်က ပျံ့နှံ့ခဲ့တဲ့ပုံ(ညာ) ကို အောက်ပါ အတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ပျံ့နှံ့လျက်ရှိတဲ့ NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ ဓာတ်ပုံဟာ ကာဘိုးရွာက ရွေးကောက်ပွဲစည်းရုံးစဉ်မှာ အရိုက်ခံရလို့ သေဆုံးခဲ့ရသူရဲ့ နာရေးနဲ့သက်ဆိုင်ခြင်း မရှိတာတွေ့ရပါတယ်။

Title:ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာကသေဆုံးသူရဲ့နာရေး အဖြစ် ဖြန့်ဝေတဲ့ ဓာတ်ပုံအမှား
Fact Check By: Nayar MaungResult: False