
မန္တလေးမှာ အောက်စီဂျင်လာယူတဲ့သူတွေကို NLD ပါတီဝင်တွေက တားဆီးပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။
“ဒီည မန္တလေး ၅၁ လမ်းမှာ အစိုးရကပေးနေတဲ့ အောက်စီဂျင်ကို အသက်ရှင်ဖို့သေရေးရှင်ရေးအတွက် အရေး တကြီးလိုနေတဲ့ ပြည်သူတွေမရအောင် တာနီဘန် NLD တွေက အောက်စီဂျင်သပိတ်ဆိုပြီး အောက်စီဂျင် လာယူ တဲ့ ပြည်သူတွေကို မယူဖို့ တားဆီးတာတွေပြုလုပ်ကြတယ်။ သွေးပျက်အောင် အံသြမိတယ်။”လို့ ရေးသားပြီး “Ye Htoo Yt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇူလိုင် ၁၈ ရက်အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒီဓာတ်ပုံထဲမှာပါတဲ့သူတွေဟာ NLD ပါတီဝင်တွေ သို့မဟုတ် NLD ထောက်ခံသူတွေ ဟုတ်မဟုတ်ဆိုတာတော့ Fact Crescendo အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ သို့သော်လည်း Google မှာ ပုံရှာနည်း အသုံးပြုရှာဖွေရာမှာ မန္တလေး ၅၁ လမ်းမှာ အောက်စီဂျင်အတွက် တန်းစီနေတဲ့သူတွေကို NLD ပါတီဝင်တွေက တားဆီးပုံအဖြစ်မျှဝေနေတဲ့ ဓာတ်ပုံဟာ ဇူလိုင် ၁၂ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ပြီး ရန်ကုန် တောင်ဒဂုံမြို့နယ်က အောက်စီဂျင်စက်ရုံတစ်ခုရှေ့မှာ ဇူလိုင် ၁၂ ရက်နေ့ညကတန်းစီ နေပုံဖြစ်ပါတယ်။ ဒီလင့်ခ်၊ဒီလင့်ခ်နဲ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။
CNA ရဲ့အရှေ့တောင်အာရှသတင်းထောက် မေဝမ်ကလည်း ဒီဓာတ်ပုံအပါအဝင် စစ်တပ်က အောက်စီဂျင်ကို ထိန်းချုပ်ကန့်သတ်နေတယ်လို့ ရေးသားထားတဲ့ သတင်းတွေကို ကိုးကားပြီး“တနင်္လာနေ့မှာ နိုင်ငံသားတွေကို အောက်ဆီဂျင်လုံလောက်မှုရှိတယ်လို့ စစ်တပ်က အာမခံပြီး လူတွေကို အောက်စီဂျင်ရောင်းတာတွေ ထိန်းချုပ် တာ ပိတ်ပင်တာတွေ လုပ်ခဲ့ပေမဲ့ ထိုနေ့မှာပဲ ရန်ကုန်လူထုဟာ အိမ်မှာရှိတဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက်အရ ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး တန်းစီးနေကြတာဟာ စစ်တပ်အပေါ်မှာ ယုံကြည်မှုမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ် #WhatshappeninginMyanmar”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – May Wong | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မန္တလေးမှာ အောက်စီဂျင်လိုအပ်ချက်အရ တန်းစီနေသူတွေကို NLD ပါတီဝင် တွေက တာဆီးနေပုံအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ရန်ကုန် တောင်ဒဂုံက မြင်ကွင်းဓာတ်ပုံဖြစ်ပါတယ်။

Title:မန္တလေးမှာ အောက်စီဂျင်လာယူတဲ့သူတွေကို NLD ပါတီဝင်တွေက တားဆီးပုံလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context