ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုတဲ့ သတင်းတု

False နိုင်ငံတကာ၊ | International လူမှုရေး၊

COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူ ၅ ဉီးထပ်ပိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ရောဂါကူးစက်မှုများပြားတဲ့ မြို့နယ်တွေမှာ အိမ်အတွင်းပဲနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုပဲ ညမ ထွက်ရအမိန့်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အလိုက် အစိုးရက ကောင်ထည်ဖော်နေချိန်မှာ “Kozawgyimps Kozawgyimps” အမည်နဲ့ဖေ့စ်ဘွတ်သုံး စွဲသူက “ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်း”ဆိုပြီး ပို့စ်တစ်ခုကို မျှဝေလာပါတယ်။

LinkArchive link

ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ပျက်ခဲ့သလိုဆိုတာကို ဖော်ပြထားခြင်းမရှိပေမဲ့ ဒီသတင်းကို ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံးဉီးစွာ Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒေသတွင်းမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်မှုရှိသည်ဟုသံသယရှိသူ ၈ ဦး အားဖမ်းဆီးခဲ့တဲ့သတင်းကို Cambodia News English အမည်နဲ့သတင်းဝက်ဘ်ဆိုက်က ၂၀၁၉ ခုနှစ် မတ် ၃၀ ရက်က ဖော်ပြရာမှာ ဒီပုံကို သုံးစွဲထားတာတွေ့ရပါတယ်။

၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်က  ဘန်ထီမင်းရှီခရိုင် ပွေပေမြို့၊ ဒိုက်အရွာမြန်ဆိုတဲ့ရွာမှာ ဒီလိုဖမ်းဆီးမှုတွေလုပ်ခဲ့ တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Cambodia News EnglishArchive link

အလားတူပဲ ၂၀၁၉ ခုနှစ် မတ် ၃၀ က လာအိုဘာသာနဲ့ ဖော်ပြတဲ့ tvfb သတင်းနဲ့ ၂၀၁၉ ခုနှစ် ဧပြီ ၁၈ ရက်က ဖော်ပြခဲ့တဲ့ khmer4141 သတင်းတစ်ခု မှာလည်း အဆိုပါပုံကို သုံးစွဲထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ် တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

TVFBKhmer4141

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုပြီး “Kozawgyimps Kozawgyimps” အမည်နဲ့ဖေ့စ်ဘွတ်သုံး စွဲသူတင်ထားတဲ့ သတင်းနဲ့ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ တစ်နှစ်က လာအိုနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ မူယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုတွေအတွက် အဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်ကဓာတ်ပုံဖြစ်ပြီး လက်ရှိဖြစ်ပျက်သယောင်လှည့်စားထားတဲ့သတင်းတုသာဖြစ်ပါတယ်။

Avatar

Title:ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *