
ကျွန်မတို့ပါတီကို မဲထည့်ကြပါလို့ အတင်းတိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ခံစားရလို့ အတင်း မတိုက်တွန်းပါဘူးလို့ PPPပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကပြောတဲ့အကြောင်း Zarni Tikeဆိုတဲ့ ဖေ့စ်ဘွတ်အကောက်က တင်ထားတာတွေ့ရပါတယ်။
“အခုကာလက ၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလပေါ့နော်။ ဒီနေရာမှာ ပြည်သူများကို ကျွန်မ ပြောချင်တာက ကျွန်မတို့ပါတီဟာ တခြားပါတီတွေလို ကျွန်မတို့ပါတီကို မဲထည့်ကြပါလို့ အတင်းမတိုက်တွန်းပါဘူး။ ဒီလိုအတင်း တိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ခံစားရလို့ပါ။..”စသဖြင့် ဒေါ်သက်သက်ခိုင်ကပြောတယ်လို့ ပို့စ်တင်ထားပြီး ပြန်လည်မျှဝေသူပေါင်း သုံးရာကျော်ရှိခဲ့ပါတယ်။

အချက်အလက်စိစစ်ချက်
အထက်ပါပြောဆိုချက်ဟာ မဟုတ်မှန်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ PPPရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “Myanmar National Post မှ အပိုင်း(၄) အနေဖြင့်တင်ထားတဲ့ ပုံနှင့်စာထဲမှ ပုံကိုယူပြီးစာများကို ကလိမ်ကကျစ်ကျစွာဖြင့် ပြည်သူများထင်ယောင်ထင်မှားဖြစ်အောင် အကောင့်ပိုင်ရှင်က စာသားများပြင်ထားတာကို ထင်ထင်ရှားရှားသိစေလို၍ အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။” ပြန်လည်ရှင်းလင်းထားပါတယ်။ ဆက်လတ်ပြီး “ပြည်သူတွေအနေနဲ့သတင်းအမှားတွေတင်နေတဲ့ ဖေ့စ်ဘွတ်အကောက်တွေကို သတိထားဆင်ခြင်ဖို့”အဲ့ဒီပို့စ်မှာပဲ ဆက်လတ်တိုက်တွန်းထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလတ်အရ ကျမတို့ပါတီကို မဲထည့်ကြပါလို့ အတင်းတိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ခံစားရလို့ ဒေါ်သက်သက်ခိုင်ပြောတယ်ဆိုတာ သတင်းအမှာသာဖြစ်ကြောင်းတွေ့ရပါတယ်။

Title:ကျွန်မတို့ပါတီကို မဲထည့်ကြပါလို့ အတင်းတိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ဒေါ်သက်သက်ခိုင်ပြောခဲ့သလား။
Fact Check By: Lynn YuResult: False