ကျောက်တော်မီးလောင်မှု သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

False နိုင်ငံရေး | Politics

စက်တင်ဘာလ ၃ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ် ကျော်တော်မြိုနယ်က ကျေးရွာနှစ်ရွာမီးလောင်မှုမှာ သေဆုံးသူ စာရင်းမှာ လူပေါင်း ၆၆ဦး မီလောင်သေဆုံးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ု လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေတာ တွေ့ ရပါတယ်။

“Crd#မနေ့က ကျောက်တော်မြိုနယ်အပိုင် ရွာ၂ ရွာမီးရှို့ ခံရ မှုမှ အသေအပျောက်စာရင်း”လို့ အညွှန်းတပ်ထားပြီး “—သေဆုံးသူ စာရင်းတဲ့—(၁)ဘုန်းတော်ကြီး-၃-ပါး၊ (၂)ကိုယ်ဝန်ဆောင် မိခင်လောင်း-ရ-ဦး၊ (၃)လသားအရွယ် မိန်းခလေး-၁၀-ဦး၊ (၄)လသားအရွယ် ယောက်ျားကလေး-၁၃-ဦး၊ (၅)အသက်-၆၅-နှစ်ရှိသူ-၁၅-ဦး၊ (၆)အသက်-၃၅-နှစ်ရှိသူ ယောက်ျား-၁၁-ဦး၊ (၇) ကျောင်းသူ-၇-ဦး စုစုပေါင်း-၆၆-ဦး မှာ မီးလောင် သေဆုံးကြောင်း သိရ၏။”လို့ ပို့စ်တင်ရေးသားထားတာ အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

FB LinkArchive Link

အချက်အလက်စိစစ်ချက်

အဲ့ဒီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး BBC The Irrawaddy 7 Daysမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကျောက်တော် မြို့နယ်အနီး ဘုရားပေါင်းကျေးရွာအနားမှာ တပ်မတော်စစ်ကြောင်းမိုင်းထိရာမှ စတင်ခဲ့ပြီး ဘုရားပေါင်း ကျေးရွာ နဲ့ တောင်ပေါက်ကျေးရွာတို့ မီး‌လောင်မှုဖြစ်ပွားခဲ့ကာ အသက် ၃၅ နှစ်နဲ့ ၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်းကို သာတွေ့ရပါတယ်။

ဒါ့အပြင် အထက်ပါပို့စ်မှာ အသုံးပြုထားတဲ့ မီးလောင်မှုကြောင့်ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ အခြေနေအဖြစ်ပုံ ဖော်တင် ပြထားတဲ့ ဥတွေဘေးမှာ မီးကျွမ်းနေတဲ့ငှက်ပုံမှာလည်း ဒီမီးလောင်မှုနဲ့မသက်ဆိုင်ပဲ ROOZPlus.com ဆိုတဲ့ ဝဘ်ဆိုဒ်မှာအသုံးပြုခဲ့တဲ့ အီရန်နိုင်ငံ၊ တီဟီရန်ခရိုင် လာဗဆီနာ(Lavasanat)မြို့က မီးလောင်မှုမှာ ပန်းခြံတစ်ခုအတွင်း ငှက်သိုက်မှာ ဥတွေကိုထားပြီးထွက်မသွားဘဲ အသက်အသေခံလိုက်တဲ့ ငှက်တစ်ကောင်ရဲ့ပုံဖြစ်တာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကျေးရွာနစ်ရွာမီးလောင်မှုကြောင့် သေဆုံးသူပေါင်း ၆၆ဦးရှိတယ်ဆိုတာဟာ သတင်းအမှားသာဖြစ်တာကို တွေ့ရပါတယ်။

Avatar

Title:ကျောက်တော်မီးလောင်မှု သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *