အမေရိကန်FDAက ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

Coronavirus False ကျန်းမာရေး၊ | Health

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDAက Covid-19ရောဂါနဲ့ပက်သက်တဲ့ ကာကွယ်ဆေးကို စက်တင်ဘာလ ၂၁ရက်နေ့က ခွင့်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ့မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

အဲ့ဒီပို့စ်မှာ “အမေရိကန် FDAကတော့ Cpvid-19ကာကွယ်ဆေးကို ဒီနေ့ခွင့်ပြုလိုက်ပါပြီ။ ဝမ်းသာစရာပါ။”လို့ ရေးသားထားတာတွေ့ပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။

FB LinkArchive Link

အချက်အလက်စိစစ်ချက်

ဒီပို့စ်နဲ့ပက်သက်ပြီး အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDA ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်မယ်ဆိုရင် စက်တင်ဘာ ၂၁ရက်နေ့ကြေငြာချက်မှာ FDAဌာနကနေ အတည်ပြုထားတဲ့ Covid-19ကာကွယ်ဆေးမရှိသေးတဲ့အကြောင်းကြေငြာထားတာတွေ့ရပါတယ်။အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

FDA Link

ဒါ့အပြင်FDA ဝက်ဘ်ဆိုဒ်ရဲ့ အမေး၊ အဖြေကဏ္ဍမှာ Covid-19ရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန် FDAက အတည်ပြုထားတဲ့ ကာကွယ်ဆေးမရှိသေးကောင်း ထပ်မံရေးသားထားပြီး လက်တွေ့စမ်းသပ်တာတွေကို အရှိန်မြှင့်ကြိုးစားလုပ်ဆောင်နေကြောင်း ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

US’ FDA Q&A Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDAက Covid-19ရောဂါနဲ့ပက်သက်တဲ့ ကာကွယ်ဆေးကို စက်တင်ဘာလ ၂၁ရက်နေ့က ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အမေရိကန်FDAက ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *