
ညီညွတ်သောဒီမိုကရတ်တစ်ပါတီ(နှင်းဆီပါတီ)UDP ဥက္ကဌဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင်ကို စက်တင်ဘာ ၂၉ရက်နေ့က ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ ဖမ်းဆီးခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်စာမျက်နှားတွေမှာ ဦးကျော်မြင့်ပြန်လည်လွတ်မြောက်လာကာ နေအိမ်မှာ အေးချမ်းစွားပြန်လည်နေထိုင်နေတယ်ဆိုတဲ့ ပို့စ်တွေဟာ အောက်တိုဘာလ ၁ရက်နေ့က စတင်ပျံ့နှံ့နေတာတွေ့ရပါတယ်။
ဦးကျော်မြင့်ပြန်လွတ်လာပြီဆိုတဲ့ အဓိပ္ပာယ်ရတဲ့ “ဥက္ကဋ္ဌ ကြီးကျန်းမာစွာဖြင့်ပြန်လည် ရောက်ရှိလာပါပြီ။ နှင်းဆီအပေါင်း သူတော်ကောင်းတို့”နဲ့“UDP ဥက္ကဌကြီး ဦးကျော်မြင့် ပြန်ရောက်ပါပြီ အပြုံး အမုန်းသမားများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်”စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။ ဒါ့အပြင် UDPပါတီရဲ့ မြိုနယ်ပါတီခွဲလို့ ယူဆရတဲ့ RaKhine StateTaunggoke United Democratic Party UDPဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောက်ကနေ ဖေ့စ်ဘွတ်ခ်ဂရုတွေမှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေ့မှာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အထက်ပါရေးသားချက်တွေဖြစ်တဲ့ UDP ပါတီဥက္ကဌဦးကျော်မြင့်ပြန်လွတ်လာတယ်ဆိုတာနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေမှာလေ့လာကြည့်မယ်ဆိုရင် အောက်တိုဘာလ ၁ရက်နေ့ ညပိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ ဦဂကျော်မြင့်ကို မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထားကြောင်းတွေ့ရပါတယ်၊
ဒါ့အပြင် ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Nowသတင်းဌာနရဲ့ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွှဲ ၁၂နာရီ သတင်းဖော်ပြချက်မှာတော့ ဦးကျော်မြင့်ကို မန္တလေးမြို. ချမ်းအေးသာစံမြို.နယ်တရားရုံးတွင် ရုံးထုတ်နေကြောင်းဖော်ပြထားပါတယ်။အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
နောက်ထပ်ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ The Irrawaddyသတင်းဌာနမှာလည်း “နှင်းဆီပါတီ ဥက္ကဌအား ထောင်ပြေးမှုဖြင့် ရုံးထုတ်စစ်ဆေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးကျော်မြင့်သတင်းကိုဖော်ပြထားပါတယ်။ အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အရ နှင်းဆီပါတီဥက္ကဌဦးကျော်မြင့် ပြန်လွတ်လာပြီး အိမ်မှာကောင်းမွန်စွာနေထိုင်နေတယ် ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တာကို တွေ့ရှိရပါတယ်။