Fact Check: ဘင်္ဂလာဒေ့ရှ်မှာ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေကြတာလား-မဟုတ်ပါ

False နိုင်ငံတကာ၊ | International

ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ ပြဿနာတက်နေတယ်လို့ ဆိုထားတဲ့ဗွီဒီယို တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့နေပြီး အစ္စလာမ်ဘာသာရေးသမားအချို့ ဘာသာရေးဉပဒေတစ်ခုကို မကြေနပ်လို့ဆန္ဒပြရင်း ပြဿနာတက်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာ လမ်းပေါ်မှာ ပစ္စည်းတွေကို မီးပုံရှို့ထားပြီး ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူအုပ်ကြီးနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။

“အမေရိကန်အောက်ဆွဲဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ စောက်ပြသနာတက်နေပြီ နီပိန်တွေပြောတော့ မအလ အာဏာထိန်းလို့ ဆီဈေးတက်ရတာဆို”လို့ ရေးသားပြီး “Foe Foe Thar Din” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကိုပါမြင်ကွင်းကို ရုပ်သေဓာတ်ပုံထုတ်ပြီး Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေခြင်းနဲ့ အဓိကကျတဲ့ စကား လုံး အချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။

ဗြိတိန်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Channel 4 News အမည်နဲ့ Youtube ချန်နယ်မှာ ၂၀၁၃ ခုနှစ်မှ မေလ ၆ ရက်က  “ဘင်္ဂလားဒေ့ရှ် အဓိကရုဏ်းများ- အစ္စလာမ္မစ် သဘောထားတင်းမာသူများက ရဲများနှင့် တိုက်ခိုက်ကြ သည်”လို့ရေးသားပြီး ဗွီဒီယိုခေါင်းစဉ်မှာဖော်ပြထားပါတယ်။ ဒီဗွီဒီယိုမှာပဲ “ဘာသာရေး ပုတ်ခတ်စော်ကားမှု ဆန့်ကျင်ရေးဥပဒေသစ်တစ်ရပ်ကို တောင်းဆိုနေတဲ့ အစ္စလာမ္မစ် သဘောထား တင်းမာသူများက ရဲများနှင့်အပြန်အလှန်သတ်ပုတ်ခဲ့ကြပြီး အနည်းဆုံး ၂၂ ယောက်အထိ သေဆုံးခဲ့ရပြီလို့ နားလည်ရသည်” လို့ရေးသားထားပါတယ်။

The Telegraph သတင်းစာရဲ့ ယူကျူ့ချန်နယ်မှာလည်း ၂၀၁၃ ခုနှစ် မေ ၆ ရက်က အစ္စလာမ်ဘာသာရေး သမားတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုဖြစ်တဲ့သတင်းကို ဒီလင့်ခ်မှာတွေ့ရပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ် မေ ၆ ရက်က ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြ အစ္စလာမ်ဘာသာရေးသမားတွေနဲ့ ရဲတပ်ဖွဲ့ အကြားထိပ်တိုက်တွေ့ဆုံမှုနဲ့သက်ဆိုင်ပါတယ်။ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေတဲ့ ဗွီဒီယို မဟုတ်ပါဘူး။

Avatar

Title:Fact Check: ဘင်္ဂလာဒေ့ရှ်မှာ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေကြတာလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *