
ပြင်သစ်မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ရေးသားပြီး ဗွီဒီယိုတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြင်သစ် သမ္မတ နန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။
ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး ဒီဗွီဒီယိုဟာ ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့မှာ တရုတ်နိုင်ငံက ယူဂါမွတ်ဆလင်တွေကို ဖိနှိပ်မှုကို ကန့်ကွက်ဆန္ဒပြကြတုန်းက ဗွီဒီယိုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ ပြင်သစ်သမ္မတနန်းတော်ရှေ့မှာ ဒီလို မွတ်ဆလင်တွေ ဆန္ဒပြတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိတာလည်းတွေ့ရပါတယ်။
“ပြင်သစ် သမ္မတ ရဲ့နန်းဆောင် ရှေ့မှာ တမန်တော် ကိုစော်ကားလို့ ဆန္ဒ ပြနေကြတဲ့ အီမာန့်ရှင်များ” လို့ရေးသား ပြီး “Ei Lae Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောင်ပါအတိုင်းမျှဝေထားပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံး ပြင်သစ်သမ္မတနန်းတော်ရှေ့မှာ ဆန္ဒပြတယ်ဆိုတဲ့အချက်ကို အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး Google မှာ ရှာဖွေကြည့်ရာမှာ ဒီလိုအလားသဏ္ဌာန်တူ ဗွီဒီယိုအပါအဝင် သတင်းဖော်ပြချက်မျိုးမတွေ့ရှိရပါဘူး။
မျှဝေထားတဲ့ ဗွီဒီယိုကို InVID မှာပါတဲ့ ဗွီဒီယိုကနေ ဓာတ်ပုံပြောင်းနည်းအသုံးပြုပြီး ရရှိလာတဲ့ ဓာတ်ပုံတွေကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ဝန်းကျင်ကတည်းက စတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က “MB ilYasse” အမည်နဲ့ယူကျူ့အကောင့်မှာ ဒီဗွီဒီယို တင်ထားတာတွေ့ရ ပါတယ်။ ဗွီဒီယိုအောက်ခြေမှာရေးသားထားတဲ့ “مدينة هامبورغ الالمانية يوم أمس”ဆိုတဲ့ အာရပ်ဘာသာနဲ့ရေးထားတဲ့ စကားလုံးကို မြန်မာလို ဘာသာပြန်ဆိုကြည့်ရာမှာ “မနေ့ကဂျာမန် Hamburg မြို့မှာ”ဆိုပြီးတော့ ရေးသားထားတာတွေ့ရပါတယ်။
ဇန်နဝါရီ ၁၄ ရက်မှာလည်း “fin fortigro”အမည်နဲ့ယူကျူ့အကောင့်မှာ “11.01.2020 Uiguren Demo in Hamburg”လို့ရေးသားပြီး အလားတူဗွီဒီယိုကို မျှဝေထားတာတွေ့ရပါတယ်။
“demonstration at hamburg”လို့ ရိုက်ရာပြီး ရလာဒ်တွေထဲက ဇန်နဝါရီ ၁၁ ရက်ကနေ ၁၃ ရက်ကြားက ရလာဒ်တွေကို ကြည့်မယ်ဆိုရင်Hamburg မြို့မှာ တရုတ်နိုင်ငံရဲ့ ယူဂါမွတ်ဆလင်တွေကို ဖိနှိပ်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့ဆိုတဲ့ သတင်းတွေ တွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အခုလို ပြင်သစ်သမ္မတ နန်းတော်ရှေ့မှာ ဆန္ဒပြနေတယ်ဆိုတဲ့ ဗွီဒီယိုဟာ ကိုရိုနာဗိုင်းရပ်စ်ကနေကယ်တင်ဖို့ “အလ္လာ”လို့ အီတလီမှာအော်နေကြပြီ၊ အမေရိကမှာအော်နေကြပြီး စသည်ဖြင့်လည်း မေလထဲမှာ အခြားသော နိုင်ငံတွေက လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲဖူးပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ပြင်သစ်သမ္မတ နန်းတော်ရှေ့မှာ ဆန္ဒပြနေတယ်ဆိုတဲ့ ဗွီဒီယိုဟာ ဂျာမနီနိုင်ငံ Hamburg မြို့မှာ ယူဂါမွတ်ဆလင်တွေကို ဖိနှိပ်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး တရုတ်ကို ဆန္ဒပြခဲ့တဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။

Title:Fact Check: ပြင်သစ် သမ္မတနန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒ ပြနေကြတာလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False