လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ သတင်းမှား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

“တစ်ကယ်ပြောက်နိုင်ပါတယ်ေနာ် ဝိုင်းဝန်းShareပေးကြပါအများသိအောင်လို့”ဆိုပြီး “Htwe Htwe” အမည်နဲ့ အကောင့်က ဗွီဒီယိုဖိုင်တစ်ခုကို မျှဝေထားပါတယ်။ မတ် ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဖိုင်ဟာ ၂ ရက်အတွင်း လူ ၂ သိန်းနီးပါးက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ၄၉ စက္ကန့်သာကြာမြင့်တဲ့ ဒီဗွီဒီယိုထဲမှာ စစ်စိမ်းရောင် စွပ်ကျယ်အင်္ကျီလက်ပြတ်ဝတ်ဆင်ထားတဲ့အမျိုးသားက လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ် သေစေတယ်လို့ ပြောခဲ့သလို covid-19 ပိုးတွေ့ရှိတဲ့ လူနာနှစ်ယောက်ကို အခုဆေးနည်းနဲ့ကုမယ်ဆိုရင် ပြောက်ကင်းမယ်လို့ ပြောကြားထားပါတယ်။

Fb linkArchive link

 “ကိုရိုက်နာ ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ မြန်မာတိုင်းရင်းဆေးကို ပြောပြလာတဲ့ အမျိုးသား ဗီဒီယိုဖိုင်

တစ်ကယ်ပြောက်နိုင်ပါတယ်နော် ဝိုင်းဝန်းShareပေးကြပါအများသိအောင်လို့”ဆိုပြီးတော့လည်း “Nay Myo Thu” အမည်နဲ့ အကောင့်က “သတင်းစုံ”နဲ့ “မူခင်းနှင့်သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုတွေထဲမှာ မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link
Fb linkArchive link

ရွှေမြန်မာနေ့စဉ်အမည်နဲ့ ဝက်ဆိုဒ်ကလည်း ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

LinkArchive link

အချက်အလက်စိစစ်ချက်

အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေး မီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။  အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြားထားပါတယ်။

Link

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထာပါတယ်။

လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာကိုရိုနာဗိုင်းရပ်စ်ကုသဆေး ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးလူနဲ့ စမ်းသပ်မှုအစီအစဉ်တွေကို နိုင်ငံအသီးသီးကဆောင်ရွက်နေတာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတာအောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

လျှက်ဆားကို ထုံးနဲ့ ပွတ်ရှုတာက ကိုရိုနာဗိုင်းရပ်စ်ကို သေစေတယ်ဆိုတဲ့သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာမျိုးသန့် က Fact Crescendo Myanmar ကို အတည်ပြုပါတယ်။ 

“လက်ရှိအချိန်အထိ ကမ္ဘာ့ကျန်မားရေးအဖွဲ့အပါအဝင်အားလုံးကို scientific နည်းလမ်းတကျနဲ့ ကာကွယ် ကုသနိုင်တဲ့ဆေးမရှိသေးဘူးလို့ ပြောထားပါတယ်။ အခုချိန်မှာ အကောင်းဆုံးလုပ်နိုင်တာက supportive နည်းလမ်းနဲ့ပဲ အသက်ရှုလို့မရရင် အသက်ရှုလို့ရအောင် အောက်စီဂျင်ပေးတာမျိုး၊ အခြား HIV ဆေးလိုဟာမျိုးပေးတာမျိုးတွေနဲ့ ကုသနေရတာဖြစ်ပါတယ်။ လျှက်ဆားကို ထုံးနဲ့ ပွတ်ရှုတာလိုမျိုး ဂျင်းပြုတ်သောက်တာမျိုးတွေလည်း ပြောနေကြတယ်။ scientific ”လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:လျှက်ဆားနဲ့ ထုံးပွတ်ရှုရင် ကိုရိုနာဗိုင်းရပ်စ်သေစေတယ်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *