Fact Check: ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။

“၁ရက်နေ့အမေစုကိုလွှတ်လိုက်ပြီလို့မအလ ကြေညာချက် ထုတ်”လို့ ရေးသားပြီး “L Boy” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအဖွင့်မှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာလည်း “၁ရက်နေ့မှာ မင်းတို့အမေစုကို လွှတ်လိုက်ပြီ ၁ ရက်နေ့ မင်းအောင်လှိုင်ကြေညာ ရန်ကုန်သားတွေကြိုဆိုအောင်ပွဲခံကြ”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link |  Archive link  

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

သတင်းမီဒီယာတွေမှာဖော်ပြပြီး အကြောင်းအရာတွေကိုပဲ ဗွီဒီယိုပုံစံနဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွှတ်မြောက်ပြီဆိုတဲ့သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းဌာန သို့မဟုတ် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတစ်ခုတစ်လေက မှဖော်ပြခြင်း မရှိပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ အိမ်ပြန်ရောက်ပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမယ်လို့ မင်းအောင်လှိုင် ကြေညာ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီစတဲ့ သတင်းခေါင်းစဉ်တွေဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်အထိ နေပြည်တော်အကျဉ်းထောင်ထဲမှာပဲရှိနေပြီး သူ့ကို စစ်တပ်က စွပ်စွဲထားတဲ့ အမှုတွေကို ထပ်မံတရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာတယ်ဆိုတာ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဒီလိုလွတ်ပေးတဲအကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းဌာနတွေမှာဖော်ပြခြင်းမရှိပါဘူး။ ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အကြောင်းမပါဝင်ပါဘူး။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *