
မတ် ၂ ရက်က ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနား ဗုံးခွဲခံရလို့ မိန့်ခွန်းပြောရင်း တပ်ချုပ်ဆင်းပြေးရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ဒီဗွီဒီယိုရဲ့ အဖွင့်မှာပြသတဲ့ ရုပ်ကပ်မှာပဲ ဒီလို ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးစစ်ကြောင်းကနေ ၈ ဦးသေဆုံးခဲ့ တယ်လို့လည်း ဆိုပါတယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုပဲဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မတိုင်ခင် တရက်အလို ညပိုင်းမှာ တော်လှန်ရေးအဖွဲ့တစ်ခုက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုသတင်းကို ခေါင်းစဉ်တုနဲ့ ချဲ့ကားဖော်ပြထားခြင်းဖြစ်ပါတယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီတိုက်ခိုက်မှုအကြောင်း နောက်ထပ်သတင်းဖော်ပြချက်ကို ဒီမှာလည်းတွေ့ရပါတယ်။
ဒီမူရင်းဖော်ပြချက်သတင်းတွေမှာ ထိခိုက်သေဆုံးမှုကို တိုက်ခိုက်ခဲ့တဲ့အဖွဲ့အစည်းဘက်က ပြောထားခြင်း မရှိသလို မြန်မာစစ်တပ်ကဘက်က ထုတ်ပြန်ခြင်းမရှိပါဘူး။
တပ်မတော်နေ့အခမ်းအနားကျင်းပခဲ့တဲ့ မတ် ၂၇ ရက်မှာတော့ စစ်ရေးပြအခမ်းအနားကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းအရင်းအမြစ်တစ်ခုတစ်လေမှ ဖော်ပြချက်မတွေ့ရပါဘူး။ သတင်းမီဒီယာတွေက တော့ဖော်ပြချက်မှာတော့ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NUG၊ PDF နဲ့ အထောက်အပံ့ပေးနေတဲ့ EAO တွေကို ချေမှုန်းမယ်လို့ စစ်ရေးပြအခမ်းအနားမှာပြောခဲ့ကြောင်း ဖော်ပြပါတယ်။ တိုက်ခိုက်ခံရမှုအကြောင်း ဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ နေပြည်တော်မှာ တပ်မတော်နေ့အခမ်းအနားအတွက် စစ်ရေးလေ့ကျင့်ကွင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ သတင်းစာသားကို အသံဖိုင်အဖြစ်ပြောင်းလဲပြီး ဓာတ်ပုံအချို့နဲ့ ပေါင်းစပ်ကာ ဗွီဒီယိုဖန်တီးပြီး လိုသလို ခေါင်းစဉ်တပ်ကာ ရေးသားဖော်ပြထားတဲ့ သတင်းတုသတင်းမှား ဖြန့်ချိမှုသာဖြစ်ပါတယ်။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပချိန်မှာ တိုက်ခိုက်ခံရမှုမရှိပါဘူး။
ပြောဆိုချက်- တပ်မတော်နေ့အခမ်းအနား ဗုံးခွဲခံရလို့ မိန့်ခွန်းပြောရင်း တပ်ချုပ်ဆင်းပြေး

Title:Fact Check: တပ်မတော်နေ့အခမ်းအနား ဗုံးခွဲခံရလို့ မိန့်ခွန်းပြောရင်း တပ်ချုပ်ဆင်းပြေး တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False