
အများမြင်ကွင်းမှာ အမျိုးသားနှစ်ယောက်နမ်းရှုံ့နေတဲ့ဓာတ်ပုံတစ်နဲ့အတူ အဆိုတော်နဲ့ သရုပ်ဆောင် ဟာရီစတိုင်း (Harry Styles) ကအမေရိကန်အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်(Ted Cruz)ကို ဖက်နမ်းတဲ့ပုံဆိုပြီး ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ်ဟာ တက်ဒ်ခရုဇ် ဟာ မကြာသေးခင်က လိင်တူချစ်သူတွေကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီပို့စ်ဟာ သရော်ထားတဲ့ပို့စ်တစ်ခုသာ ဖြစ်ပြီး ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ဟာရီစတိုင်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ရုံတင်ပြသတဲ့ ရုပ်ရှင် ပွဲတော်တစ်ခုမှာ သူနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နစ်ခ်ခရိုလ်(Nick Kroll)ကို အနမ်းပေးနေတဲ့ပုံပဲဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ ပို့စ်အောက်က မှတ်ချက် တွေလေ့လာကြည့်ရာမှာ ဒီသရော်စာဟာ တစ်ချို့အတွက် နားလည်ဖို့ခက်ခဲနေတာတွေ့ရပါတယ်။ အချက်အလက် စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ “Don’t Worry Darling”ရုပ်ရှင်ကားပြရာမှာ ဒီပွဲကို တက်ရောက်လာတဲ့ ဟာရီစတိုင်းက သူနဲ့အတူဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် နစ်ခ်ခရိုလ်ကို အနမ်းနဲ့နှုတ်ဆက်နေတဲ့ပုံဖြစ်ပါတယ်။ အမေရိကန် အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Buzzfeed ကတွစ်တာမှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဒီအနမ်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – Buzzfeed | Archive link
ထို့အပြင် Variety မီဒီယာလုပ်ငန်းရဲ့ ပူးတွဲအယ်ဒီတာချုပ်က ရာမင်ဆက်တူဒေး(Ramin Setoodeh)ကလည်း သူတို့နှစ်ယောက်နမ်းနေတဲ့ ဗွီဒီယိုကိုဖော်ပြခဲ့တာတွေ့ရပါတယ်။ ၁၆ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၄ စက္ကန့်မှာ ဟာရီစတိုင်းက နစ်ခ်ခရိုလ်ကိုနမ်းလိုက်တာတွေ့ရပြီး စက္ကန့်အနည်းငယ်အကြာဖက်ထားခဲ့ပါတယ်။
“#DontWorryDarling အတွက် ပရိတ်သတ်ကဂုဏ်ပြုနေစဉ် Harry Styles သည် Nick Kroll ကိုနမ်းလိုက်ပါတယ်။”
သုံးသပ်ချက်
၂၀၁၅ ခုနှစ်မှာ သမိုင်းဝင်ဆုံးဖြတ်ချက်အနေနဲ့ “Obergefell v. Hodges” တို့ကို အမေရိကန်တရားရုံး လိင်တူလက်ထပ်ခွင့်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အင်္ဂလိပ်လို အတိုခေါက်အားဖြင့် LGBTQ လို့ခေါ်တဲ့ လိင်စိတ်မှာသဘာဝနဲ့ဆန့်ကျင်ပြီး နေထိုင်လိုစိတ်ရှိတဲ့သူတွေတရားဝင်နေထိုင်နိုင်ရေးအတွက် အောင်ပွဲ တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz က ဒီဆုံးဖြတ်ချက်ဟာ လုံဝမှားတယ်ဆိုပြီး ဇူလိုင်မှတ်ချက်ပေးထားတာရှိပါတယ်။ ဒီအတွက်အခုလို လှောင်ပြောင်ရေးသား တာကနေအခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။

Title:Fact Check: အမေရိကန်လွှတ်တော်အမတ် Ted Cruz ကို အဆိုတော် Harry Styles ဖက်နမ်းနေတာလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: Satire