Fact Check: အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ယူကျူ့မှာဖြန့်ဝေထားတာဟာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“အာနာသိမ်းခိုင်းတဲ့ဆရာကြီးကိုဖမ်းချုတ်ပြီး 

အမေ့များနေ့မှာ အမေစုကိုလွတ်ပေးလိုက်ပြီ

တနိုင်ငံလုံးဝမ်းသာစရာသတင်းထူး”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာ အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးလိုက်ပြီလို့ဆိုထားပေမယ့် တကယ်တော့ ဒီဗွီဒီယိုတခုလုံးမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် တဲ့သတင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

တကယ်တမ်း ဗွီဒီယိုထဲမှာ ယူကျူ့အသုံးပြုသူတဦးက စစ်တပ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့ စစ်တပ်ထောက်တိုင်တွေဟာလည်း ရူးကြောင်ကြောင်လုပ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတာထက် နေပြည်တော်မှာ ဆန္ဒပြသင့်ကြောင်း၊ ယနေ့ဖြစ်ပျက်နေတဲ့ အခင်းအကျင်းတွေအပါအဝင် ကချင်ပြည်နယ်မှာ စစ်တပ်က ကျဆုံးမှုများပြားမှုတွေဟာ အာဏာသိမ်းလို့ဖြစ်လာတဲ့ အကျိုးဆက်တွေ သာဖြစ်ကြောင်း ပြောပြနေတဲ့ ရုပ်သံကို ပြန်လည်မျှဝေထားတယ်။

သုံးသပ်ချက်

အာဏာသိမ်းစစ်တပ်နဲ့ သူ့ရဲ့ထောက်တိုင်တွေကို ဝေဖန်ထားတဲ့ ယူကျူ့အသုံးပြုသူတဦးရဲ့ ဗွီဒီယိုကို အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးလိုက်ပြီဆိုပြီး ခေါင်းစဉ်လွဲတပ်ကာ လူစိဝင်စားမှု ရယူထားခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးလိုက်ပြီဆိုတာမဟုတ်ပါဘူး။

ပြောဆိုချက်- အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီ

Avatar

Title:Fact Check: အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *