
အာဏာသိမ်း ၃ နှစ်ပြည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာ တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။
“အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်တဲ့ဗျို့”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “၁၀ရက်နေ့ အရေးပေါ်သတင်း ရွေးကောက်ပွဲကြောင့် ကြေညာပြီ Feb 1 ရက်နေ့ ရွေးကောက်ပွဲကျင်းမည်”လို့ ရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ မှာ ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုအကြောင်းပြပြီး စစ်တပ်က ၂၀၀၈ အခြေခံ ဉပဒေနဲ့ မညီပေမဲ့ အာဏာသိမ်းခဲ့ပါတယ်။ သို့ပေမဲ့ စစ်အာဏာသိမ်းအပြီး ဆန္ဒပြမှုတွေ ပြင်းထန်လာချိန်မှာ စစ်တပ်က ဖွဲ့စည်းပုံအရ အာဏာထိန်းတယ်ဆိုပြီးတော့ စစ်တပ်လော်ဘီတွေကသုံးနှုန်းပါတယ်။ အာဏာသိမ်းပြီး ၃ လအကြာမှာပဲ ၂၀၀၈ အခြေခံဉပဒေကို အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေး အင်အားစုတွေကို အသိအမှတ်မပြုတော့ဘဲ ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။
၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့မှာတော့ စစ်တပ်ဟာ ၂၀၀၈ အခြေခံဉပဒေကိုလိုက်နာပြီး ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်ခေါင်းဆောင်က ကြေညာခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ စစ်တပ်က လုံခြုံရေးလိုက်ပါပြီ သူတို့ထိန်းချုပ်ရာနယ်မြေတွေမှာ လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကိုလိုက်နာမယ်ဆိုရင် တိုင်းပြည်အာဏာရယူထားတဲ့ စစ်တပ်ဟာ အာဏာသိမ်း ၂ နှစ်ပြည့် မြောက်တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအကုန်မှာ ဉပဒေအရ သက်တမ်းတိုးခွင့်မရှိတော့ဘဲ သက်တမ်းကုန် ဆုံးမှာဖြစ်ပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့ ကြေညာရဖို့ရှိပါတယ်။ သို့သော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေနဲ့ နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲဟာ ဖြစ်နိုင်ဖွယ်မရှိဘူးဆိုတဲ့ သုံးသပ်ချက် တွေရှိနေပါတယ်။
သုံးသပ်ချက်
စစ်တပ်က ရွေးကောက်ပွဲလုပ်ပေးမယ့်ရက်ကို အတိအကျကြေညာခြင်းမရှိသေးပါဘူး။ ၂၀၀၈ အခြေခံဉပဒေကို ဆက်လက်ထိန်းသိမ်းမယ်လို့ ကြွေးကြော်ထားတဲ့ စစ်တပ်ဟာ သူတို့ ကတိတည်မယ်ဆိုရင်တော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီကနေ ၆ လအတွင်းမှာ ရွေးကောက်ပွဲကို ကြေညာရဖို့ရှိပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေနဲ့ နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲဟာ နောက်ထပ် ၆ လအတွင်းမှာ ဖြစ်နိုင်ဖွယ်မရှိပါဘူး။

Title:Fact Check: ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာဆိုတဲ့သတင်းမှား
Fact Check By: နေရာမောင်Result: False