Fact Check: အသံတိတ်သပိတ်မလုပ်ဖို့ NLD က ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု

Missing Context လူမှုရေး

အစ္စလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့ သောကြာနေ့နဲ့တိုက်ဆိုင်တာကြောင့် မနက်ဖန်(၁၀-၁၂-၂၀၂၁)ရက်မှာ အပြင်မထွက်ကြရေးလှုပ်ရှားမှု မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တိုက်တွန်း စာဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက် ရှိပါတယ်။ 

သို့သော် ဒီစာဟာ အတုဖြစ်တယ်လို့ NLD ကထုတ်ပြန်ဖြေရှင်းထားပါတယ်။

ထုတ်ပြန်ချက်လို့ဆိုတဲ့စာထဲမှာ Online မှာပျံ့နှံ့လျက်ရှိတဲ့ ၁၀-၁၂-၂၀၁၂ ရက်နေ့ကို အသံတိတ်သပိတ်(Silence Strike Day)လုပ်မယ့်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုစုတောင်းတဲ့ သောကြာနေဖြစ်နေပြီး NLD အနေနဲ့လည်း ညွှန်ကြားထားခြင်းမရှိကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေ စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ပုံမှန်အတိုင်းသွားလာကြဖို့ဆိုပြီးတော့ပါရှိပါတယ်။

ဒီဓာတ်ပုံပို့စ်ကို“Naing Thein Myint”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “သောကြာနေ့နဲ့ တိုက်ဆိုင်နေလို့ ပုံမှန်အတိုင်းသွားလာကြပါတဲ့။”လို့ရေးသားပြီ’ အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၅ ကြိမ်ရှိပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

C:\Users\Mi\Pictures\1204-nld-fake\Screenshot 2021-12-09 at 19-11-56 Facebook.png

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုထုတ်ပြန်ချက်တစ်စုံတစ်ရာ မတွေ့ရပါဘူး။

ဒီထုတ်ပြန်ချက်ဟာအတုဖြစ်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်သော စာမဟုတ်ပါလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာက တစ်ဆင့်ရှင်းလင်းထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Daw Cho ChoArchive link

မြောက်ဉက္ကလာမှာ ကျောင်းဆရာမတစ်ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး NLD ပါတီကထုတ်ပြန်တဲ့စာဆိုပြီးတော့ ပြီးခဲ့တဲ့လက ထုတ်ပြန်ချက်အတုပြုလုပ်ဖြန့်ဝေခဲ့ပါသေးတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ Silence Strike Day နဲ့ပတ်သက်ပြီး NLD ပါတီရဲ့ထုတ်ပြန်ချက်ဆိုတာ ထုတ်ပြန်ချက်အတုဖြစ်ပါတယ်။

Avatar

Title:အသံတိတ်သပိတ်မလုပ်ဖို့ NLD က ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု

Fact Check By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *