
စစ်တပ်က ဖမ်းဆီးထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို လှည်းကူး PDF က ခြိမ်းခြောက်တဲ့ စာဆိုပြီး တော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာကျအောင်လုပ်ခဲ့တဲ့အတွက် မိသားစုရဲ့ အသက်လုံခြုံမှုကို အာမခံဘူးလို့ ရေးသား ထားပါတယ်။
သို့သော် Hlegu Defence Force –Hlegu PDF အမည်နဲ့ စာမျက်နှာက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။
“ဒေါက်တာဆိတ်ဖွား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက “လှည်းကူး နဲ့ ရန်ကုန် PDF များ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် အနှစ်ချုပ်”လို့ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက တရားရုံးမှာထွက်ဆိုခဲ့အပြီးမှာ ဒီစာက ချိန်ကိုက်ထွက်လာခြင်းဖြစ်ပါတယ်။ ဒီလိုထွက်ဆိုချက်ဟာ စစ်တပ်က အတင်းအဓမ္မဖိအားပေး ထွက်ဆိုခိုင်းခြင်းဖြစ်တယ်လို့ အများအပြားက ရှူမြင်ကြပါတယ်။
လှည်းကူးတော်လှန်ရေးတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ တင်နေတဲ့ “Hlegu Defence Force –Hlegu PDF”အမည်နဲ့စာမျက်နှာမှာ ယခုလိုပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်ဟာ သတင်းတုဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်က ထုတ်ပြန်ထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Hlegu Defence Force | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဦးဖြိုးမင်းသိန်းရဲ့ မိသားစု အသက်လုံခြုံမှုကို အာမခံဘူးဆိုတဲ့စာ အတုအယောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။

Title:ဦးဖြိုးမင်းသိန်း မိသားစုဝင်တွေကို လှည်းကူး PDF က ခြိမ်းခြောက်ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: Missing Context