Fact Check: KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

လက်နက်အတော်များများမြေပေါ်မှာ စုပုံထားတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ ၉ ကို တပ်မ ၈၈ ကချေမှုန်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်သလို ကချင်လက်နက်ကိုင် တပ်မဟာ ၉ ကျရှုံးတဲ့အကြောင်းအရာဟာလည်းမှားယွင်းပါတယ်။

“KIA တပ်မဟာ ၉ ကျရှုံးသွားပါဘီ . ပြေးချိန်တောင်

မရလိုက်ဘူးဟု သိရပါတယ် … ပြည်ထောင်စုမြန်မာ့တပ်မတော် 

တပ်မ ၈၈ ကတွယ်လိုက်တာပါ. 

          KIA အလောင်း ၂၀၀ ကျော် . လက်နက်မျိုးစုံ ၃၀၀ 

ကျော်ရရှိပါသည်”စသည်ဖြင့်ရေးသားပြီး “ပေတရာ ဘဂျမ်း ဘဝ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link  

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

တူညီစွာရေးသားထားတဲ့အကြောင်းအရာနဲ့ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာကတည်းက ပျံ့နှံ့ခဲ့ဖူးပါတယ်။ 

ပထမဆုံး Google မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်ကတည်းက Myitsonemedia အမည်နဲ့ဘလော့ဂ်ပို့စ်တစ်ခုမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။ “TNLA ကို သစ္စာဖောက်လိုက်တဲ့ KIA “လို့ခေါင်းစဉ်တပ်ရေးသားထားတဲ့ ဘလော့ဂ်ပို့စ်မှာ ဒီဓာတ်ပုံကို အသုံးပြုထား တာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်အဖြစ် လူသိများတဲ့ တပ်ကြပ်ကြီးဖိုးစည်က TNLA အပေါ် KIA က လူလယ်ကျနေပုံနဲ့ TNLA ဘက်ကအဖွဲ့ဝင်အချို့က မခံမရပ်နိုင်လို့ RCSS/SSA နဲ့သွားပြီး ပူးပေါင်းတယ်လို့စွပ်စွဲရေးသားထားပါတယ်။ ဓာတ်ပုံစာသားအဖြစ် “ဓာတ်ပုံ – TNLA အဖွဲ့နဲ့အတူ ပါရှိသည့် လက်နက်ခဲယမ်းများ”လို့ဖော်ပြထားပါတယ်။ ဒီဓာတ်ပုံရဲ့ စစ်မှန်မှုကို Fact Crescendo အနေနဲ့အတည် မပြုနိုင်ပါဘူး။

မူရင်းလင်ခ့် – MyitsonemediaArchive link  

ထိုအပြင် ဧရာဝတီသတင်းဌာနကသတင်းအရ တပ်မဟာ ၉ ဟာ ၂၀၁၈ ခုနှစ်အတွင်းမှ သာဖွဲ့စည်းခဲ့တာ ကိုတွေ့ရှိရပါတယ်။

မူရင်းလင်ခ့် – IrrawaddyArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့အကြောင်းအရာဟာ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *