Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေသေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုသတင်းမှား

False လူမှုရေး

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အသက်ရှင်သေးတာNUGလည်းအတည်ပြုလိုက်ပါပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG အနေနဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုအတွက် ရှုတ်ချထားပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်းသတင်းခေါင်းစဉ်နဲ့မသက်ဆိုင်ပါဘူး။

C:\Users\Mi\Downloads\screenshot-www.facebook.com-2022.08.01-03_13_22.png

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲမှာ သတင်းတင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ နိုင်ငံအခြေပြမိန့်ခွန်း ပြောကြားချက်ကို ပြန်လည်ပြောကြားနေခြင်းဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်က သမ္မတ ဒူဝါလရှီးလရဲ့ အခြေပြ မိန့်ခွန်းကို အောက်ပါလင့်ခ်မှာကြည့်ပါ။ ဒီမိန့်ခွန်းရဲ့အစမှာပဲ ဦးကျော်မင်းယုခေါ် ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်စတဲ့ ၄ ဦးအပေါ် ကွပ်မျက်ခဲ့မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံသားတွေ အပေါ်တန်ဖိုးမထားတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ နွေးဉီးတော်လှန်ရေးကို အရှိန်မြှင့်သွားစေမယ့်လုပ်ရပ်သာဖြစ်ပြီး အရှိန်မြှင့်တွန်းလှန်ကြဖို့လည်း NUG သမ္မတက တိုက်တွန်းခဲ့တာလည်းတွေ့ရပါတယ်။

ထို့အပြင် ဇူလိုင် ၂၅ ရက်မှာလည်း မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သည့် ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော် တို့အား သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ ဥပဒေအရ၊ လူ့ကျင့်ဝတ်စံနှုန်းများအရ လက်သင့်ခံနိုင်ဖွယ်လုပ်ရပ်မဟုတ်လို့ တာဝန်ရှိသူ တစ်ဦးတစ်ယောက် မကျန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေး ယူခံရစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

လူတွေစိတ်ဝင်စားဖွယ်ခေါင်းစဉ်အတုတွေပေးပြီး ဘလော့ဂ်သို့မဟုတ် ယူကျူ့ဗွီဒီယိုနဲ့ချိတ်ဆက်ထားတဲ့ လင့်ခ်ကို ဝင်ကြည့်တဲ့နှုန်းများအောင်လုပ်ပြီး ဝင်ငွေရှာနေတဲ့ ဘလော့ဂ်စာမျက်နှာတွေမှာ ဒီအကြောင်းအရာကို မျှဝေနေ တာတွေ့ရပါတယ်။ ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ကို စစ်တပ်ကကွပ်မျက်မှုအတွက် NUG က ရှုတ်ချထား ပါတယ်။

Avatar

Title:Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေသေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *