Fact Check: PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဖြန့်ဝေခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူတွေအမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေ လို့ပါ။”လို့ရေးသားပြီး ဓာတ်ပုံတစ်ခုပေါ်မှာလည်း “အခုပဲနေပြည်တော်မှာဖြစ်သွားတာ ပြည်သူတွေ အမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေပြီ”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဖေ့စ်ဘွတ်ပုံမှန် အသုံးပြုသူတစ်ယောက်အနေနဲ့ ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုတစ်ခုအဖြစ်အလွယ်တကူသိနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခု ကကြေညာ သူတစ်ဦး ဓာတ်ပုံကို အသုံးပြုထားပေမဲ့ Fact Crescendo Myanmar အနေနဲ့ PDF တွေ နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့သတင်းမျိုး မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။

ကားမီးလောင်နေတဲ့ဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက မြဝတီ-ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး ကားတွေမီးလောင်နေတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

သုံးသပ်ချက်

ဒီအကြောင်းအရာကို ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်လင့်ခ်တွေနဲ့ ဝက်ဘ်ဆိုဒ်တွေကို စစ်ဆေးကြည့်မယ်ဆိုရင်လည်း လူတွေစိတ်ဝင်စားဖွယ်အကြောင်းအရာမှားတွေဖြန့်ပြီး ဝင်ငွေရှာနေတဲ့ ဘလော့ဂ်စာမျက်နှာတွေဖြစ်တာ တွေ့ရပါတယ်။ PDF တွေ နေပြည်တော်ကိုသိမ်းပြီဆိုတာသတင်းတုသတင်းမှားဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။

Avatar

Title:Fact Check: PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *