Fact Check:  မြန်မာသင်္ကြန်ကို ဖျက်သိမ်းမယ်လို့ ဦးကိုနီပြောခဲ့တဲ့သတင်းတု

နိုင်ငံရေး | Politics

မြန်မာရိုးရာသင်္ကြန်ကို ဖျက်သိမ်းရမယ်လို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ NLD ပါတီဝင် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီက ပြောကြားခဲ့တယ်ဆိုတဲ့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေပါတယ်။ တကယ်တော့ လုပ်ကြံသတင်းတု ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ 

သင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ လူထုပါဝင်ဆင်နွှဲမှုအများဆုံး ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ လူမှုဘဝ ပုံမှန်အခြေအနေကို အဖြစ်ပုံဖော်လိုတာကြောင့် သင်္ကြန်ပွဲကို ဦးဆောင်ကျင်းပနေပေမဲ့ လူထုက ပါဝင်ဆင်နွှဲမှုမရှိပါဘူး။ 

တော်လှန်ရေးအင်အားစုတွေကလည်း စစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ သင်္ကြန်ကို ငြင်းဆန်ကျဖို့ တိုက်တွန်းနေပါတယ်။ 

ဒီလိုအခြေအနေမှာ “ဖေဇော် ဂျီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း၊ တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုတို့ရဲ့ သင်္ကြန်မှာပါဝင်ဆင်နွှဲမှုမလုပ်ကြစေလိုတဲ့ သတိပေး ပို့စ်စရင်ရှော့တွေနဲ့အတူ  ၂၀၁၇ ခုနှစ်အတွင်းက လုပ်ကြံခံရပြီး သေဆုံးခဲ့တဲ့ ရှေ့နေဦးကိုနီက ပြောကြားချက် အဖြစ်ဖော်ပြထားတာဖြစ်ပါတယ်။ တကယ်တော့ သူ့အနေနဲ့ ဒီလိုပြောခဲ့တာမျိုးမရှိဘဲ ဘာသာရေး ပဋိပက္ခဖန်တီးလိုတာကြောင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးကိုနီက ၂၀၁၆ ခုနှစ် မတ်လထဲမှာ မြန်မာမွတ်ဆလင်မီဒီယာဂရုပ်ကို ပြောကြားခဲ့တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – M Media GroupArchive link

ဒီလိုဖော်ပြတဲ့နေရာမှာ ဒီမိုကရက်တစ် ဗမာ့ အသံ(DVB TV News)ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကရေးသားဟန်နဲ့ မျှဝေထားပေမဲ့ ဒီလိုရေးသားချက်မျိုးလည်း မတွေ့ရပါဘူး။ ဒီလိုရေးသားခဲ့တာမျိုးမဟုတ်ကြောင်း နောက်ထပ် သိသာစေတဲ့အချက်ကတော့ DVB သတင်းဌာနက သတင်းရေးသားဟန်နဲ့မတူညီတာပဲဖြစ်ပါတယ်။

သုံးသပ်ချက်

သင်္ကြန်ကို ဖျက်သိမ်းရမယ်လို့ ရှေ့နေဦးကိုနီကပြောကြားချက်အဖြစ် DVB သတင်းဌာနက ဖော်ပြဟန်နဲ့ အတုပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။ DVB သတင်းဌာနကလည်းဖော်ပြခဲ့ခြင်းမရှိသလို   ရှေ့နေဦးကိုနီကပြောကြားခဲ့ခြင်းမရှိပါဘူး။ ပြောဆိုချက်- သင်္ကြန်ကို ဖျက်သိမ်းရမယ်လို့ ရှေ့နေဦးကိုနီကပြောကြားချက်

Avatar

Title:Fact Check:  မြန်မာသင်္ကြန်ကို ဖျက်သိမ်းမယ်လို့ ဦးကိုနီပြောခဲ့တဲ့သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *